အပိုင်း -၈၃ မက်မွန်ပန်းကိတ် နှင့် အမွှေးအိတ်

447 41 1
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း -၈၃ မက်မွန်ပန်းကိတ် နှင့် အမွှေးအိတ်

ယနေ့ ကျန်းရွှယ်နင်သည် စကားများရန်ဖြစ်ရန် သို့မဟုတ် မကျေမနပ်မှုများပြသရန်  မဟုတ် ချင်တီးခတ်ရန် လာခဲ့တာပင် ။ထို့ပြင် ရှဲ့ဝေ သည် သူမအား ဆူပူခြင်း  နှောင့်ယှက်ခြင်းမရှိခဲ့ပေ။ နင်အာ ဟူသော အမည်ကို ခဏတာမျှ တွေးလိုက်မိရုံနဲ့ သူမနှလုံးသားက ရုတ်တရက် ထိန်းချုပ်လို့ မရနိုင် ဖြစ်သွားခဲ့တာပင် ။

သူများတွေရှေ့မှာ ငိုနေမိတာ အမြဲတမ်း ရှက်စရာကောင်းလွန်းတယ်။

ကျန်းရွှယ်နင် သည် အင်္ကျီလက်များကို အမြန်ဆွဲယူလိုက်ပြီး သူမ၏မျက်နှာပေါ်  ကြောင်တစ်ကောင်လို နီရဲပြီး စွန်းထင်းသွားသည်အထိ မျက်ရည်များကို သုတ်ပစ်လိုက်သည်။

“သဲတွေ မျက်လုံးထဲကိုဝင်သွားလို့ပါ၊ အဆင်ပြေပါတယ်” 

ရှဲ့ဝေ : “…”

ရှဲ့ဝေ ရုတ်တရက် စကားမပြောနိုင်။

ကျန်းရွှယ်နင်က  ချက်ချင်းပဲ အားတက်သရောနဲ့ ဘာမှ အမှားအယွင်းမရှိသလို၊ ဆေးစာအုပ်ကို ဘေးဖယ်ထားလိုက်ပြီး

“ရှန်းရှန် ၊ ဒီနေ့ လက်ထိုးလေ့ကျင့်ထာတဲ့ “ လရောင် နောက်လိုက်‌သော  ရောင်စုံတိမ်တိုက်များ “ ဆိုတဲ့ တေးသွားကို  တီးပြရမလား? “

ရှဲ့ဝေ က သူမကို တွေဝေစွာကြည့်‌နေရင်း “အမ်” ဟုဆိုကာ 

“ကောင်းပြီ “ 

ဟုပြောလာသည်။

ကျန်းရွှယ်နင် က ဘာမှပြန်မပြောဘဲ စားပွဲပေါ်မှ ချင်ကို တည့်မတ်လိုက်သည်။

သူမသည် ယခုရက်များအတွင်း လေ့ကျင့်တာကို  အားမလျှော့ခဲ့ပေ။

ရှဲ့ဝေက စိတ်မတည်ငြိမ်ရင် ချင်ကို မထိရဘူးလို့  အရင်တုန်းက  ချင်ကို မတီးခတ်ခဲ့ပေမယ့် တကယ်တမ်းတော့ ရှဲ့ဝေ လက်အောက်မှာ  အရာတွေကို သင်ယူရတာဟာ  မလွယ်ကူ ပေမယ့် အကျိုးလဲ ဖြစ်ထွန်းနိုင်တယ်ဆိုတာ  သိလာရသည်။ အကြောင်းမှာ ဤလူသည် အရာရာတိုင်းကို အလွန်အလေးအနက်ထားသောကြောင့်ဖြစ်သည်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now