Intro

233 5 0
                                    

အတိတ်ဆိုတာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ
ပြီးဆုံးခဲ့တဲ့အရာတွေလို့ လူတွေလက်ခံထားကြပေမယ့် ကျွန်တော့်အတွက်တော့ ပစ္စုပ္ပန်မှာရော အနာဂတ်မှာပါစွဲထင်နေမယ့်အတိတ်တွေရှိခဲ့ဖူးတယ်
အချိန်တွေအတော်ကြာရွေ့လျားခဲ့ပြီး
ခန္ဓာကိုယ်ကလည်းဆဲလ်ပေါင်းများစွာပြောင်းလဲသွားပေမယ့် ကျွန်တော့်ရဲ့ဦးနှောက်ထဲကမှတ်ဥာဏ်တချို့နဲ့
နှလုံးသားကတော့ အချိန်တစ်ခုမှာပဲခဏခဏရပ်တန့်နေဆဲပဲ ဒါတွေဟာကြာခဲ့ပါပြီ

တစ်ဖက်သတ်ပဲပြောပြော တိတ်တခိုးအချစ်ပဲပြောပြော သူနဲ့ပတ်သက်ရင် ကျွန်တော်ဟာတော်တော်ဟန်ဆောင်ကောင်းခဲ့ပါတယ် သူ့အပေါ်ထားတဲ့ကျွန်တော့်ရဲ့သဘောထားတစ်ဝက်လောက်ကိုပဲသူသိခဲ့တာပါ သူမသိတဲ့တခြားတစ်ဖက်ကိုတော့ ကျွန်တော်ထုတ်ပြဖို့မရဲခဲ့တာရယ် ထုတ်ပြခွင့်မရခဲ့တာရယ်က
ကျွန်တော့်အပြစ်တွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ထုတ်ပြခွင့်ပါမရှိတော့အခြေအနေတွေဖြစ်လာမယ်ဆိုတာလည်းကျွန်တော်ကြိုနားလည်ခဲ့ပြီးသားပါ
ဒါပေမယ့် အဲ့ဒိီ့အခြေအနေကိုရောက်ဖို့
ဒီလောက်မြန်ဆန်မယ်လို့တော့ကျွန်တော်မတွေးမိခဲ့ပါဘူး

သူနဲ့ကျွန်တော်ကြားမှာသူငယ်ချင်းအဖြစ်နဲ့ရှိခဲ့တဲ့အမှတ်တရတွေအများကြီးပါပဲ ဝမ်းနည်းစရာတစ်ခုက
အမှတ်တရတွေရဲ့၅၀%ဟာကျွန်တော်တစ်ယောက်ထဲပဲအမှတ်ရနေမယ့်အမှတ်တရတွေဖြစ်လာခဲ့ပြီး
ကျွန်တော်တို့နှစ်​ယောက်လုံးအတူတူမှတ်မိတဲ့အမှတ်တရတွေကတော့ ၅၀%ပဲရှိပါတယ်
ကျွန်တော်ကသာသူနဲ့ပတ်သက်တဲ့အရာတွေအကုန်အသေးစိတ်ကအစမှတ်မိနေခဲ့မိတာ

ကျွန်တော့်အတွေးထဲသူ မဝင်လာတဲ့နေ့ဆိုတာလုံးဝမရှိဘူးလို့ပြောရင်ကျွန်တော်လွန်မယ်မထင်ဘူး
မကောင်းတဲ့အရာလို့ပဲပြောပြော ကျွန်တော်ဘယ်သူ့ကိုဘယ်လိုပဲချစ်မိချစ်မိ သူကတော့ကျွန်​တော့်ရင်ထဲမှာအမြဲရှိနေမယ့် အမျိုးသမီးတစ်ယောက်ပါပဲ လူတိုင်းမှာဒိီလိုလူတစ်​ယောက်တော့ရှိကြတယ်မလား.....သူ ဘယ်သူလဲ ကျွန်တော်ဘာလို့ဒါတွေပြောနေလဲ ခင်ဗျားတို့သိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့လွန်ခဲ့တဲ့၉နှစ်လောက်ကိုအချိန်ခရီးသွားကြရအောင် ..........

PastWhere stories live. Discover now