Part1

193 2 2
                                    

''သားရေ ရဲထက် ထတော့လေ ၆နာရီထိုးတော့မယ် ဖယ်ရီမမီရင်ကျောင်းနောက်ကျဦးမယ်''

ရဲထက်တစ်ယောက် နားထဲဝင်လာတဲ့ အမေ့နှိုးသံကြောင့်မထချင်ပေမယ့်ကျောင်းနောက်ကျမှာစိုးလို့အိပ်ယာက​နေ လူးလဲထလိုက်တယ် ဖယ်ရီကအိမ်ရှေ့ထိလာကြိုတာဆိုပေမယ့် ရောက်တဲအချိန်အဆင်သင့်မဖြစ်သေးရင် ၅မိနစ်ပဲစောင့်ပေးတယ် အိမ်နဲ့ကျောင်းနဲ့ကမနီးလွန်းမဝေးလွန်းတဲ့နေရာမှာရှိတာဆိုတော့ ဖယ်ရီလမ်းကြောင်းအရရော ကိုယ့်ကိုနောက်ဆုံးဝင်ခေါ်တာဖြစ်တဲ့အတွက်စောင့်ခိုင်းလို့လဲမကောင်းဘူးလေ
အဲ့ဒါနဲ့အောက်ထပ်ဆင်းရေမိုးချိုးပြိီး အမေပြင်ပေးတဲ့မနက်စာစား အဝတ်အစားလဲပြီးအဆင်သင့်စောင့်နေလိုက်တယ်

''တီ တီ တီ''

သိပ်မကြာခင် ၆နာရီခွဲမှာပဲဟွန်းသံ၃ချက်ကြားလိုက်ပြီးဖယ်ရီရောက်လာတော့ချက်ချင်းပဲထသွားလိုက်တယ်

''သွားတော့မယ် မေမေ''

''အေးအေး ရော့ ဒီမှာမုန့်ဖိုး သေချာထည့်သွားနော် ပျောက်မယ် ဂရုစိုက်သွား''

''ဟုတ် ဟုတ် သွားပြီနော်''

ဖယ်ရီပေါ်ရောက်တော့ထုံးစံအတိုင်းနောက်ဆုံးလွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်တယ် နောက်ဆုံးမှခေါ်တာဆိုတော့ကိုယ့်တစ်နေရာစာအမြဲကွက်တိကျန်တယ်
ကျောင်းစဖွင့်တာ ၁ပတ်လောက်ရှိပြီဆိုတော့
ကားပေါ်မှာလည်းအကုန်လုံးကဘော်ဒါတွေဖြစ်ပြီး စကြနောက်ကြပြောကြဆိုကြနဲ့ပေါ့ ၂ယောက် ၃ယောက်ကလွဲရင်ကျန်တဲ့သူတွေကအခန်းမတူပေမယ့် အတန်းတူကြတော့ပိုအဆင်ပြေတာပေါ့
အထက်တန်းကျောင်းသားစဖြစ်တဲ့ ၉တန်းကျောင်းသားဘဝကမနက်အစောထရတာကလွဲရင်ပျော်စရာတော့ကောင်းသား ဒီလိုနဲ့ ၁၀မိနစ်လောက်နေတော့ကျောင်းကိုရောက်ပြီးသိပ်မကြာခင်မှာပဲကျောင်းတက်ခေါင်းလောင်းသံကြားရတာပါပဲ
တစ်ပတ်ဆိုတာအထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့အခန်းဖော်သစ်တွေရဖို့လုံလောက်ပါတယ် စာသင်ရင်နားထောင်လိုက် ဆရာမလစ်ရင်လစ်သလိုစကြနောက်ကြစကားပြောလိုက်ကြနဲ့ပါပဲ
အဲ့လိုနဲ့ကျောင်းဆင်းချိန်နီးလာပြီဆိုတော့ ထုံးစံအတိုင်းအကုန်လှုပ်လှုပ်ရွရွဖြစ်နေပြီး ကျောင်းဆင်းခေါင်းလောင်းသံကိုစောင့်နေကြတာပေါ့

PastWhere stories live. Discover now