Part 2

120 0 0
                                    

စနေနေ့ဖြစ်တဲ့အတွက် ရဲထက် အိပ်ရေးဝဝနဲ့ပဲအိပ်ယာက ထခဲ့ပါတယ် ကျောင်းကာလအစောပိုင်းမို့ထွေထွေထူးထူးစာလုပ်စရာမရှိတာရယ် နေ့ခင်းပိုင်းကျူရှင်မသွားခင်အထိအေးအေးဆေးဆေးနားလို့ရတာ​ကြောင့် အမေ့ကိုအိမ်အလုပ်တချို့ဝိုင်းကူလုပ်ပေးလိုက်ဂိမ်းလေးဆော့လိုက်နဲ့နေ့ခင်းပိုင်းရောက်တော့ရေချိုး ထမင်းစားပြီးကျူရှင်ဘက်ထွက်လိုက်တယ် ကျူရှင်ချိန်လိုသေးတာကြောင့် ကျူရှင်ရှေ့မှာစကားပြောနေကြတဲ့သူတွေ မျက်နှာချင်းဆိုင်ကမုန့်ဆိုင်မှာမုန့်ဝယ်နေကြသူတွေ ကျူရှင်နားကလက်ဘက်ရည်ဆိုင်မှာထိုင်နေကြတဲ့သူတွေရှိနေပေမယ့် အထဲကိုပဲဝင်နေလိုက်တယ် အခန်းထဲရောက်တော့ ၄ ၅ယောက်တော့ရောက်နေပြီ အရင်နေ့ကမိန်းကလေးတွေကရှေ့ဆုံးမှာထိုင်ပေမယ့် ဒီနေ့တော့နောက်ဆုံးတန်းရဲ့ရှေ့မှာထိုင်နေတာတွေ့လိုက်တယ် ရဲထက်လည်းမနေ့ကအတိုင်းပဲနောက်ဆုံးမှာပဲဝင်ထိုင်လိုက်တယ်
နိုင်လင်းကရောက်နေပေမယ့် မျိုးကို ကိုတော့မတွေ့ ဒီနှစ်ကောင်ကသူနဲ့အတူတူထိုင်တဲ့ကောင်တွေ နှစ်ယောက်လုံးနဲ့ကျောင်းတူပေမယ့် နိုင်လင်းနဲ့ကအရင်နှစ်တွေကကျောင်းမှာမျက်မှန်းတန်းရုံလောက်ပဲရှိတာ မျိုးကိုနဲ့ကတော့အိမ်ချင်းလည်းနီးတော့ အရင်ကတည်းကဘော်ဒါဖြစ်နေတာ

''ဟေ့ရောင် မျိုးကိုမရောက်သေးတာလား''

''အေး ဟုတ်တယ် မင်းလာတုန်းကတွေ့ခဲ့လား''

''မတွေ့ပါဘူးကွာ ဒီကောင့်အိမ်ကငါ့အိမ်ကိုကျော်ပြီးမှရောက်တာလေ ဒီကောင်ငါ့အိမ်ရှေ့ကဖြတ်သွားမှသာတွေ့ရမှာ''

''စောနေသေးလို့ဖြစ်မယ်''

ခြေထောက်ပေါ် တစ်ခုခုပြုတ်ကျလာလို့ကြည့်လိုက်တော့ရှေ့တန်းကဘောပင်ပြုတ်ကြတာဖြစ်နေတယ်
ဒီနေရာမှာထိုင်ရတဲ့အနေအထားကိုပြောပြပါမယ် fiberအမာသား စားပွဲအရှည်မှာမှ နောက်မှီပလတ်စတစ်ခုံတစ်လုံးစီနဲ့ထိုင်ရတာ
စားပွဲရှည်တစ်တန်းမှာ ခုံ၄ခုံနှုန်းနဲ့ပေါ့
နောက်ဆုံးတန်းမှာက၃ယောက်ပဲရှိတာဆိုတော့ ခုံတန်းရဲ့အတွင်းဘက်နံရံနဲ့ကပ်လျက်မှာက မျိုးကို အထွက်ဘက်မှာကနိုင်လင်းထိုင်ပြီး ရဲထက်ကအလယ်မှာထိုင်တယ် ဘောပင်ကမျိုးကိုအရှေ့ခုံမှာထိုင်တဲ့ကောင်မလေးဆီကပြုတ်ကျတာ...ဘောပင်ကိုကောက်ပြီးပြန်ပေးလိုက်တယ်

PastWhere stories live. Discover now