Part 3

134 0 0
                                    

တနင်္ဂနွေနေ့မနက်ပိုင်းဟာလည်းစနေနေ့လိုပါပဲထုံးစံအတိုင်းလုပ်စရာရှိတာလုပ်ပြီး အိမ်ရှေ့မှာထိုင်နေတုန်း မျိုးကိုရောက်လာတယ်

''ဟေ့ရောင် သွားမယ်လေ''

''အေးအေး လာပြီ...မေမေရေ သွားပြီနော်''

''အေးအေး သား တံခါး​သေချာပြန်ပိတ်သွားဦး''

''ဟုတ်''

ကျောပိုးအိတ်ကောက်လွယ်ပြီးထွက်သွားလိုက်တော့ကျူရှင်ရှေ့ရောက်တော့ မေပိုးနဲ့ဇေယျာနိုင်စကားပြောနေပြီး ရတီနိုင် သဇင်စိုးမိုး နဲ့ စွမ်းထက်အောင်တို့ကကျူရှင်ရှေ့အုတ်ခုံမှာထိုင်နေကြတယ်

''မင်းတို့ကစောလှချည်လား''

မျိုးကိုကလှမ်းပြောတာကို ရတီနိုင်ကပြန်ဖြေတယ်

''မစောပါဘူး ခုနကမှအကုန်ရှေ့ဆင့်နောက်ဆင့်ရောက်ကြတာ ဟိုနှစ်ကောင်တော့မရောက်သေးဘူး''

မင်းဇင်ခန့်နဲ့နိုင်လင်းကို ဆိုလိုခြင်းဖြစ်သည်
အဲ့အချိန်မှာပဲမေပိုးနဲ့ဇေယျာနိုင်ဘာဖြစ်ကြတယ်မသိ...မေပိုးကခြေဆောင့်ပြီးအထဲဝင်သွားပြီး ဇေယျာနိုင်ကအနောက်ကအပြေးလိုက်ဝင်သွားတယ် ဒီလိုဆိုဒီနှစ်ယောက်ရဲ့ပတ်သက်မှုကပုံမှန်အနေအထားမဟုတ်ဘူးဆိုတာတော့ရိပ်မိလိုက်တယ်

''အဲ့နှစ်ကောင်ကတစ်မျိုး သူတို့ကဘာညာလေ သိလား''

မျိုးကိုကရဲထက်ကိုကပ်ပြောလိုက်တယ် သူပြောတဲ့ဘာညာဆိုတာ သမီးရည်းစားကိုပြောတာပါ

''အေး ထင်တော့ထင်တယ် အစက အီစီကလီလုပ်တုန်းပဲထင်တာ တွဲနေမှန်းတော့ခုနကအနေအထားရယ် အခုမင်းပြောမှသိတာ''

''အေးကျူရှင်မစခင်ထဲကတွဲနေတာထင်တယ် သူတို့ကကျောင်းအတူတူပဲလေ''

ကျူရှင်မှာလာတက်တဲ့ကျောင်းသားကျောင်းသူတွေအကုန်လုံးနီးပါးကကျောင်းနှစ်ကျောင်းကလာကြတာများတယ် ၉တန်းရော ၁၀တန်းရောမှာ တစ်ဝက်လောက်က ( )ကိုယ်ပိုင်ကျောင်းကဖြစ်ပြိီးတော့
ကျန်တစ်ဝက်လောက်က( )အစိုးရကျောင်းကလာကြတာ

''အဲ့ဒါဆိုငါတို့ကကျောင်းနှစ်ကျောင်းဖိုက်နေကြတဲ့သဘောပေါ့''

You've reached the end of published parts.

⏰ Last updated: Jan 25 ⏰

Add this story to your Library to get notified about new parts!

PastWhere stories live. Discover now