အပိုင်း - ၇(Unicode)

1.2K 145 4
                                    

                ဥပက္ခာနှင့်စေတနာ

     ပထမနှစ်၀က်စာမေးပွဲဖြေရန် တစ်ပတ်ခန့်သာလိုတော့၍ မပြီးပြတ်သေးသည့်ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများ မတိမ်းမစောင်းဘိမ်းမောင်းချီကာ စာမေးပွဲအတွက် သင်နေကြပြီဖြစ်သည်။စာမေးပွဲအတွက် ပြီးနှင့်သည့်ဘာသာရပ်များမှာမူ နှုတ်မေးနှုတ်ဖြေ စာမေးပွဲများကို စတင်‌စစ်ဆေးနေပြီဖြစ်ပြီး Tutorial မပြတ်သေးသည့် ဘာသာရပ်တို့မှာလည်းဖြေဆိုနေဆဲ။

      သို့ဖြစ်ပါ၍ အတန်းချိန်၊Tutorial ချိန်၊Viva ချိန်မှာ အချိန်အအားမနေရအောင်ဆက်နေတော့သည်။စာမေးပွဲနီး၍ အိမ်ရောက်လျှင် စာကျက်ရသည်ကတစ်မျိုး ကျောင်းရောက်လျှင် ထမင်းစားချိန်သာနားရတော့ပြီး အချိန်ဆက်တိုက်ထိုင်ရ၍ စိတ်ညစ်ညူးမှုများကတစ်ကြောင်းနှင့် စာမေးပွဲနှင့်သင်ခန်းစာများအား အလံဖြူပြချင်နေသည့်အချိန်အခါ။

      စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းလျသည့်ထိုအချိန်များကို မြန်မြန်သာပြီးလိုက်ချင်တော့ပေသည်။စာမေးပွဲနီးသည့်အခါ ကျုရှင်တက်ရသည့်မေဂျာများထဲတွင် မြန်မာစာမပါသော်လည်း တက်ရသည့်မေဂျာများကိုတော့စောင့်ရသေးသည်။ဖယ်ရီ‌တွင်လူစုံလူစိရောက်မှ အိမ်ပြန်ကြသည့်အတွက် လူစောင့်ရသည်။

      ဖယ်ရီပေါ်မှအပေါင်းအပါများအား လူစုံလျှင် ဖုန်းလှမ်းဆက်လိုက်ရန်မှာထားခဲ့ပြီးဖြစ်၍ အတန်းချိန်အပြီး သင်္ချာဆောင်ဘက်သွားကာ စာကျက်နေလိုက်ပေသည်။အခန်းမှာလည်း လူရှင်းနေပြီးစိတ်ကြိုက်အော်ကျက်လို့လည်း အဆင်ပြေလေသည်။စာကျက်လိုက် ချရေးလိုက်နှင့် ဘေးကမီးမီးငယ်မှာ စာကျက်ရသည့်မေဂျာကမဟုတ်၍တော်သေးတော့သည်။

     စာအံသည့်အခါ အားရပါးရအော်ကျက်ရမှ စာရသည့်မြနှင်းဥအတွက် မီးမီးငယ်မို့သာတော်တော့သည်။စတုတ္ထနှစ်အခန်း၌ မြနှင်းဥတို့သာရှိပြီး မုန့်ထုပ်ရေဘူးအစုံအလင်နှင့် လာမည့်စာမေးပွဲအတွက် ပြင်ဆင်နေကြလေသည်။မီးမီးငယ်မှာအတွက်အချက်မေဂျာဖြစ်၍ အကြမ်းစာအုပ်ပေါ်တွင် ဘောပင်တစ်ချောင်းနှင့်တွက်ချက်နေသည်။အကျက်အမှတ်မေဂျာသမားမှာမူ အသံခပ်ကျယ်ကျယ်အော်လျက် စာပိုဒ်အရှည်ကြီးများကို ရွတ်ဖတ်နေတော့သည်။

She is my first love (Completed)(Unicode+Zawgyi)Where stories live. Discover now