အပိုင်း - ၁၉(Unicode)

1.2K 132 4
                                    

              စွန့်စားခြင်း၏နောက်ကွယ်

      တရွေ့ရွေ့မောင်းလာခဲ့သောကားနက်ကလေးမြနှင်းဥတို့အိမ်ရှေ့သို့ရောက်လာခဲ့သည်။နေကလည်း၀င်ခါနီး ညနေခင်းအချိန်မှာဆိုင်ထဲတွင်၀ယ်သူများနှင့်အလုပ်ရှုပ်နေချိန်ဖြစ်သည်။ကားရပ်လိုက်ပြီး မြနှင်းဥကိုနှိုးလိုက်သည်။

"မြလေး ထတော့ အိမ်ရောက်ပြီ"

"ဪ"

      မြနှင်းဥခေါင်းတစ်ခြမ်းကိုလက်နှင့်ဖိကာ ထိုင်ခုံကိုမှီထားရာမှထလိုက်သည်။အရက်ရှိန်လေးမှာပြေရုံပင်ရှိသေးသည်။အရက်ရှိန်ထက် စိတ်အရှိန်ကတော့ ပို၍မူးယစ်စေမည့်အရာပင်ဖြစ်ပါလိမ့်မည်။အိမ်ရောက်၍ ဘေးလွယ်အိတ်ကိုလွယ်ကာ ကားပေါ်မှဆင်းမည်လုပ်လိုက်သည်။

"ရရဲ့လား တွဲကူရဦးမလား"

"သဲသဲပြန်တော့လေ နောက်ကျနေမယ်အပြန်"

"ဒီကျောင်းနဲ့တို့က‌အဲ့ဒီလောက်စိုးရိမ်စရာမလိုဘူး သွားနေကျလမ်းတွေပါ"

"ဆိုင်ထဲကနေဖြတ်မှာလား"

"မဟုတ်ဘူး ဘေးပေါက်တစ်ပေါက်ရှိတယ်"

"အဲ့ဒီကနေ၀င်မယ် ဒီချိန်တော့သော့ခတ်ထားမှာဆိုပေမယ့် မြမှာသော့ပါပါတယ်"

"တို့လိုက်ပို့မယ်သမီး"

"ရပါတယ်ဆိုမြကိုပြောနေဦးမှာမလားသဲသဲ"

"လိုက်ခဲ့လေဒါဆို"

       ဘေးလွယ်အိတ်ကိုလွယ်ကာ ဟန်မပျက်အိမ်ထဲကို ဘေးပေါက်ကလေးမှဖွင့်၀င်သွားလေသည်။စတိုးဆိုင်နောက်က နှစ်ထပ်တိုက်၏အပေါ်ဆုံးထပ်ကိုရောက်သွားလေရာ ၀ရန်တာနားကပ်လျက်အခန်းလေးထဲမြနှင်းဥ၀င်သွား၍ ဒေါ်နန်းကေသရီပါလိုက်၀င်သွားလေသည်။မြနှင်းဥမှာ အရက်နံ့တထောင်းထောင်းစွဲနေသည့် အ၀တ်တို့ကိုချွတ်၍ ရေချိုးမည်ဟုဆိုကာ‌ ရေချိုးခန်း၀င်သွားလေသည်။

      ရေချိုးခန်း၀င်နေစဉ် ဒေါ်နန်းကေသရီမှာ မြနှင်းဥကုတင်ပေါ်တွင်ခဏထိုင်ရင်း အခန်းကိုအကဲခတ်နေသည်။ခေါင်းရင်းတွင်ဆေးပုလင်းစုံစိနေအောင်ထားသည်မှာ အဖွားအိုပေါက်စနှင့်တူသကဲ့သို့ အခန်းနံရံတွင်ကပ်ထားသည့် Tom ‌and Jerry စတောလေးများကလည်း ကလေးစိတ်မကုန်သေးဟုမှတ်ချက်ချမိပြန်သည်။

She is my first love (Completed)(Unicode+Zawgyi)Where stories live. Discover now