အပိုင်း - ၁၂(Unicode)

1.4K 141 8
                                    

              နှင်းပွင့်စိမ်းလေး၏ချစ်သူ

       ဖယ်ရီပေါ်မှအဆင်း အရင်နေ့များလိုပင်ထမင်းချိုင့်ခြင်းဆွဲကာ ဆိုင်ထဲ၀င်လာသည်။ငိုက်စိုက်ကျနေသောခေါင်းက ဆိုင်ထဲမှဖြတ်ကာ အနောက်ဘက်အိမ်ထဲသို့သာဦးတည်သွားသည်။ဈေး၀ယ်ကျနေချိန်ဖြစ်၍ သမီးပြန်လာသည်ကိုကြည့်ရုံမျှကြည့်လိုက်မိပြီး ဆိုင်သိမ်းချိန်ရောက်မှ သမီးအခန်းထဲလိုက်သွားတော့သည်။အခန်းတံခါးခေါက်လိုက်ရာတွင် -

"ဥလေး မေချိုခဏ၀င်ခဲ့မယ်"

"မြလာဖွင့်ပေးမယ်နော်မေချို"

      ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်ပြီးနောက် တံခါးလာဖွင့်ပေးလေသည်။မြနှင်းဥဆံပင်တို့ကိုပုံမပျက်စေရန် သေချာပြန်လည်စည်းနှောင်ထားသော်လည်း မျက်နှာမှ ဒဏ်ရာဒဏ်ချက်တို့ကိုမူ ဖုံးကွယ်ရန်သတိမထားမိ။သို့သော် မိခင်၏အသိနှင့်မေတ္တာစိတ်ကတော့ ပြဿနာတစ်စုံတစ်ရာရှိဟန်ကိုနှိုးဆော်နေလေသည်။ထို့ကြောင့် -

"ဥလေး ‌ကျောင်းတက်ရတာအဆင်ပြေလား"

"မုန့်ဖိုးတွေရောလိုသေးလား မေချိုကိုပြော"

"မလိုပါဘူးမေချိုရဲ့ မြလောက်ပါတယ်"

"ကျောင်းတက်ရတာရော တအားပင်ပန်းလား"

"ကျောင်းသူစာသင်တာပဲပင်ပန်းတယ်လို့တော့လည်းမဟုတ်ပါဘူး‌မေချိုကလည်း"

"ထူးထူးဆန်းဆန်းတွေလာမေးနေပြန်ပြီ"

"ဒီနေ့ထူးဆန်းနေတာမေချိုမဟုတ်ဘူး ဥလေး"

"အိမ်ကို၀င်လာကတည်းကစစ်ရှုံးလာတဲ့စစ်သည်ကြီးကျလို့ပဲ ဆိုင်ထဲကနေအနောက်ကိုတန်းကူးသွားတာ"

"မေချိုရေ မြပြန်လာပြီတောင်မပြောဘူး"

"Sorry မေချို မြမေ့သွားတာ မြအတွေးများနေတာနဲ့"

"နှုတ်ဆက်တာမဆက်တာက အရေးကြီးတာမဟုတ်ပါဘူး"

"အရေးကြီးတာကဥလေးရဲ့ပုံစံပြောင်းနေတာ"

"မပြောင်းပါဘူး ဒီတိုင်းပါပဲ"

"ဒါဆိုဒီမျက်နှာကအစင်းကြောင်းတွေကဘာလဲဥလေး"

She is my first love (Completed)(Unicode+Zawgyi)Where stories live. Discover now