______________________________________
ဇာတ်လမ်းအကျဥ်းချုပ်
[စည်းမျဥ်း၏ အဆုံးသတ် ၁-၃]
လင်ယိသည် ကောလိပ်ဝင်ခွင့်စာမေးပွဲများအား ကျရှုံးခဲ့သောကြောင့် ဝင်ခွင့်စံနှုန်းနိမ့်ကျသောဒီပလိုမာ တက္ကသိုလ်တစ်ခုကို ရွေးချယ်ခဲ့ရသည်။
ထို ဝင်ခွင့်စံနှုန်းနိမ့်ကျသော ဒီပလိုမာတက္ကသိုလ်နှင့် ကိုက်ညီစွာဖြင့် ဝင်ခွင့်စာ၏ ပထမဆုံးစာကြောင်းကို ဖတ်ကြည့်လိုက်ရလျှင် :
[ကျောင်းသား လင်ယိ ၊ မင်းသည် သဘာဝလွန် အင်ဂျင်နီယာတက္ကသိုလ်သို့ ဝင်ခွင့်ရသွားကြောင်း ကျွန်ုပ်တို့ အသိပေးအပ်ပါသည်။]
ဒုတိယ စာကြောင်း :
[ မင်းရဲ့ လုံခြုံရေးအတွက် ၊ တက္ကသိုလ် ပရိဝုဏ်ရဲ့ စည်းမျဥ်းစည်းကမ်းများကို ထပ်ခါတလဲလဲ ဖတ်ထားဖို့ တောင်းဆိုပါရစေ။]
[သဘာဝလွန် အင်ဂျင်နီယာတက္ကသိုလ် ပရိဝုဏ်၏ စည်းကမ်းများ :
၁ ။ တက္ကသိုလ် ပရိဝုဏ်အတွင်း၌ ဂိတ်ပေါက်တစ်ခုသာ ရှိပါသည်။ အကယ်၍ အခြားသောဂိတ်ပေါက်များစွာကို ရှာဖွေတွေ့ရှိခဲ့ပါက သင် ရှိနေတဲ့နေရာတွင်ပဲ ရပ်ပြီး သင့်ရဲ့အကြံပေးပုဂ္ဂိုလ်ကို လှမ်းဆက်သွယ်ပါ။ ထိုဂိတ်ပေါက်ကို ဖြတ်သန်းဖို့ရန် မကြိုးစားပါနှင့်။
၂ ။ တက္ကသိုလ်ပရိဝုဏ်အတွင်း စင်္ကြလမ်းတစ်လျှောက် လမ်းလျှောက်နေစဥ်တွင် မတော်တဆ ဘိလပ်မြေထဲသို့ စတင်နစ်မြုပ်သွားပါက သင့်ရဲ့ ဖိနပ်တို့ကို ချွတ်ပြီး ထိုနေရာကနေ ထွက်လာခဲ့ပါ။ အကယ်၍ သင်၏ပေါင်လယ်ထိ နစ်မြုပ်သွားခဲ့ပါက ကျောင်းအုပ်ကြီး၏ အရေးပေါ်ဖုန်းနံပါတ်နှင့် ကျောင်းဆေးခန်းကို ချက်ချင်းဆက်သွယ်ပေးပါ ။
၃ ။ တက္ကသိုလ်ကျောင်းသားကတ်တွေသာလျှင် တက္ကသိုလ်ဝန်းထဲရှိ ပစ္စည်းများ ငွေပေးချေမှုအတွက် အသုံးပြုနိုင်ပါသည်။ တစ်စုံတစ်ယောက်က တခြားနည်းလမ်းဖြင့် ငွေပေးချေဖို့ တောင်းဆိုလာခဲ့သည်ရှိသော် ထိုနေရာမှ ချက်ချင်း ထွက်ပြေးလာခဲ့ပေးပါ။
YOU ARE READING
ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီ
HorrorHorror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည်။ 🖤 လတ်တလော wattpadက အရမ်းတွေဖျက်နေလို့ မင်မင် cover ပုံနဲ့ နာမည်လေးတွေ ခဏဖျက်ထားပါတယ်နော် ဒါဒါလေး...