Unicode
အခန်း(၁)
"လင်ယိ နားထောင်နေလား။"
အတန်းအကြံပေး၏ စိတ်လှုပ်ရှားနေသောအသံသည် ဖုန်းတစ်ဖက်မှ ဖြတ်လာ၏။ "ဟယ်လို... ဟယ်လို... လင်ယိ။"
လင်ယိက mouseကို ရွှေ့ရင်း သူ၏အကြည့်တို့သည် ကွန်ပျူတာ ဖန်သားပြင်ပေါရှိ ရွေးချယ်စာမျက်နှာပေါ် တည့်တည့်ကျရောက်လျက်ရှိသည်။
"ကျွန်တော် နားထောင်နေပါတယ် ဆရာမ။"
အလျင်အမြန်ပြန်ပြောပြီးနောက် သူ mouseကို ဆက်ရွှေ့နေသည်။ စာမျက်နှာကို အောက်သို့ဆွဲချလိုက်ချိန် သူ၏မျက်ခွံထဲရှိ မျက်ဆံတို့ အနည်းငယ် လှုပ်ရှားသွားသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် သူ၏ရမှတ်ဟာ ၄၅၀ဖြစ်ပြီး ပုံမှန်ဘွဲ့ကြိုတန်းများ၏ တန်းစီစာရင်းအတွက်တောင် မလုံလောက်ပေ။ တစ်နည်းအားဖြင့် ရွေးချယ်ရန် ကျောင်းများများစားစား သိပ်မရှိချေ။
သူ စာမျက်နှာတစ်ခု လှန်လိုက်သည်။ တစ်ဖက်မှ သူ၏အထက်တန်းအကြံပေးဆရာမက ချက်ခနဲ mouseမြည်သံကိုကြားပြီး အော်ပြောလေသည်။
"လင်ယိ ရွေးစရာတွေဖြည့်နေတယ်လို့တော့ မပြောနဲ့နော်!"
"အာ ဟုတ်ကဲ့ ဆရာမ။"
သူစိတ်အားထက်သန်သော တက္ကသိုလ်ကို လင်ယိ အာရုံစိုက်ရွေးချယ်နေဆဲဖြစ်သည်။ အတန်းအကြံပေး၏ ကြိမ်းမောင်းသံသည် သူ့ဖုန်းထဲ ထိုးခွဲလာသဖြင့် ဖုန်းအား ကပျာကယာ ဘေးချလိုက်ရသည်။
"မင်းရတဲ့ အဆင့်နဲ့ဆို ချင်းဟွာဖြစ်ဖြစ် ပီကင်းတက္ကသိုလ်ဖြစ်ဖြစ် အလွယ်လေး ရွေးလို့ရတယ်လို့ ထင်နေတာလား! ဒီတစ်ကြိမ် ကြီးကြီးမားမားကျရှုံးသွားရင်တောင် နောက်တစ်နှစ်ဆက်လေ့လာလို့ရတာပဲ! မင်းကိုယ်မင်း အရှုံးမပေးစမ်းပါနဲ့!"
အတန်းအကြံပေးက သူ့အား ချော့မော့ရန် အကောင်းဆုံး ကြိုးစားသည်။ တစ်ကျော့ပြန်ကြိုးစားဖို့ အခွင့်အရေးကြီးတစ်ခုလုံး ရှိရက်နှင့် လင်ယိ အရှုံးပေးသည်ကို သူမ မမြင်ချင်ပေ။
"တို့ကျောင်းမှာ မင်းရဲ့ရမှတ်က နှစ်ကျတစ်ယောက်အတွက် မလုံလောက်ရင်လည်း မစိုးရိမ်နဲ့။ ဆရာမ မင်းကို ကူလျှောက်ပေးမယ်။ စီနီယာတန်းကို ဆရာမဦးဆောင်နေတုန်းပဲ။ အဲဒါကြောင့် ဆရာမအတန်းကို လာလို့ရတယ်..."
YOU ARE READING
ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီ
HorrorHorror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည်။ 🖤 လတ်တလော wattpadက အရမ်းတွေဖျက်နေလို့ မင်မင် cover ပုံနဲ့ နာမည်လေးတွေ ခဏဖျက်ထားပါတယ်နော် ဒါဒါလေး...