အခန်း ၁၇-၂၀

891 102 3
                                    

Unicode


အခန်း ၁၇ ။

"ကျွန်တော်လဲ မသိဘူးလေ။"

ချင်းယန်ဟာ လင်ယိအား ရှုပ်ထွေးစွာကြည့်နေသည်။ "တံခါးက သော့ခတ်ထားပြီး ပြတင်းပေါက်က မခတ်ထားဘူးဆိုတာ ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ? အကို့ရဲ့အသံကို ကြားပြီး အကိုတာဝန်ကျခန်းထဲမှာ ရှိနေတယ်လို့ ထင်လိုက်တာလေ။ တကယ်လို့ ကျွန်တော်က တံခါးကိုတန်းဖွင့်လိုက်ရင် အဲ့တံခါးအနောက်မှာ တစ်ခုခုက ကျွန်တော့်ကို သတ်ဖို့စောင့်နေမှာကို ကြောက်တယ်လေ။ ပြတင်းပေါက်ကိုဖွင့်တာက ပိုလုံခြုံတာပေါ့။"

သူသည် ထိုသို့ရှင်းပြပြီးနောက် ရုတ်တရက်လန့်သွားလေသည်။ "လင်... အစ်ကိုလင်ယိ၊ ဘာလို့ ကျွန်တော့်ကို ဒီလိုမေးတာလဲ? တစ်ခုခုများ...ဖြစ်သွားတာလား?"

လင်ယိ သူ့အား ကြည့်လိုက်သည်။ ချင်းယန်ပြောသည့် 'တစ်ခုခုက ကျွန်တော့်ကို သတ်ဖို့ တံခါးနောက်မှာ စောင့်နေရင်' ဆိုသော အကြောင်းပြချက်ကို လက်ခံနိုင်ခဲ့သည်။

လင်ယိတွင် ထပ်၍ မေးစရာမရှိတော့သည်ကို ချင်ကျိုးမြင်၍ လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။ "ဟင့်အင်း၊ အခုတော့ ဒီက ထွက်သွားတော့၊ မှောင်နေပြီ"

ချင်းယန်ဟာ ထပ်၍မေးချင်သော်လဲ အကိုလင်ယိက ခေါင်းခါပြသည်။"ဘာမှမဟုတ်ပါဘူး"

ချင်းယန် ခဏတာတွေးပြီးနောက် ခေါင်းညိတ်ပြကာ အခန်း ၃၀၄ မှ ထွက်သွားခဲ့သည်။

ချင်းယန် ထွက်သွားပြီးနောက် ချင်ကျိုးသည် ကုလားထိုင်ကို ဆွဲယူ၍ ကုလားထိုင်နောက်ကျောကိုမှီကာ ထိုင်လိုက်သည်။ ထို့နောက် သူ့ခေါင်းကိုမော့ကြည့်ကာ လင်ယိအား မေးလိုက်သည်။ "သူ မဟုတ်ဘူးလား?"

လင်ယိသည် ပထမညတွင် ချင်းယန်နှင့် သူလုပ်ခဲ့သော အရာကို ချင်ကျိုးအား ပြောပြသည်။ ချင်းယန်ဟာ ​​ထိတ်လန့်စရာကောင်းသည့် ဇာတ်ကားများ အများကြီးကြည့်ဖူးဟန်ပင်၊ သူသည် ပထမညတုန်းကလည်း အခန်းထဲသို့ဝင်ရန် တံခါးဖွင့်လိုက်ပါက ထိုတံခါးနောက်တွင် အန္တာရာယ်တစ်ခုခုရှိနေမည်ကို စိုးရိမ်ခဲ့သည်။

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီWhere stories live. Discover now