Part-17

205 24 9
                                    

ဘယ်ဆီပြေးရမလဲမသိနေတဲ့နှလုံးသားတွေဟာ အချစ်ခံရတာလေးကိုအားနာမိတဲ့အချိန်တိုင်းအသက်ရှူနေရတာတောင်မှားနေသလို။ အားငယ်နေချိန်မှာဆုပ်ကိုင်ပေးခဲ့တဲ့လက်ကလေးတွေ နာကျင်ပါစေတော့ဆိုပြီးအသည်းတွေမာကျောမနေခဲ့ဘူး။ မေ့လိုက်ကြရအောင်လို့ ဇာတ်လမ်းတွေကိုအဆုံးသတ်ရအောင်လည်း ကျွန်တော်ကသာတစ်ဖက်သတ်။

လက်ရှိလူကိုသိပ်ချစ်ပါတယ်ဆိုသောစကားဟာ အတိတ်တွေကိုလွတ်ပစ်လိုက်တော့လို့ပြောလိုက်တဲ့သဘောပါပဲ။ ဘာတစ်ခုမှတောင်ပြန်မပြောနိုင်ခဲ့ဘူး။ ရိုးရှင်းစွာပဲအမှတ်ရနေခြင်းတွေအပေါ်စစ်မှန်စွာဖွင့်ဟခဲ့ပါတယ်။ ကျွန်တော်ပြုမူခဲ့သလိုတွေထက်အဆတစ်ရာပြင်းထန်သောတန်ပြန်ရိုက်ချက်။ ဘယ်အမြင့်ကနေပြုတ်ကျကျသေပါတယ်ခင်ဗျားရယ်။ အနီးကပ်ရိုက်ချက်ဟာတော့အသည်းတွေအစိတ်စိတ်မြွာမြွာပေါ့။ ဘယ်နေရာတွေနာပြီးဘာတွေလုပ်ရတော့မှန်းမသိအောင်ကို စကားလေးတစ်ခွန်းနဲ့သူသတ်ချခဲ့တာ။

မောင်တို့ဘယ်လမ်းတွေမှာ လွဲနေကြသလဲကလေးရယ်။ ဘယ်စီရင်ချက်တွေကဘဝအဆက်ဆက်ဝေးကွာစေဖို့အမိန့်ချမှတ်စေခဲ့လဲ။ ပြေးမရလေတဲ့အကြောင်းရင်းတွေမရှိပါပဲနဲ့မောင်တို့ဘာကြောင့်များ ဝေးဝေးကိုပြေးချင်နေမိတာလဲ။ ဘာကြောင့်များ မင်းရပ်ဝန်းဆီပဲမောင်တွယ်ကပ်ချင်နေမိရတာလဲ။

Maung🥀
____

အိပ်မရတဲ့ညကို ဝရံတာမှာထိုင်ကာ ဘီယာပုလင်းမော့ရင်းဖြတ်သန်းနေမိတယ်။အသက်တွေတောင်ရှူနေရဲ့လားမသိတဲ့လူတစ်ယောက်ရဲ့တိတ်ဆိတ်နေခြင်းပါပဲ။ တစ်ချက်တစ်ချက်အသက်ရှူသံမျှင်းမျှင်းလေးကြားရပေမဲ့ အချိန်မရှိတော့တဲ့ညခင်းမှာမျက်လုံးဝိုင်းဝိုင်းလေးတွေကြေကွဲနေတယ်။တတီတီမြည်နေတဲ့ဖုန်းသံကိုတောင်မကြားရတော့အထိသူဟာမလှုပ်မယှက်ငူငိုင်နေဆဲ။

မိနစ်တွေကြာလာတဲ့အထိဖုန်းခေါ်ဆိုမှုကရပ်တန့်မသွားတဲ့အခါမှကောက်ကိုင်လိုက်သည်။ဘယ်သူဘယ်ဝါမှန်းကြည့်မနေတော့။အခု ဘာကိုမှအာရုံစူးစိုက်မနေချင်ပါ။

"ဟယ်လို"

"ကိုကိုဘယ်မှာလဲဟင်"

တစ်ဖက်ဆီမှတိုးညှင်းစွာထွက်ကျလာသောအသံလေး။ လေတိုက်ခတ်မှုတောင်မှရှိမနေတဲ့ပတ်ဝန်းကျင်မှာ ထိုမိန်းကလေးရဲ့ဝမ်းနည်းဟန်အသံငယ်တစ်ခုကအက်ကွဲစွာ။

HEWhere stories live. Discover now