5-You built me up...

377 62 6
                                    

5

Trying to Catch a Wild Rose

ချွမ်းရွေ့အခန်းရဲ့ ပြတင်းပေါက်က အစ သံရိုက်အပိတ်ခံထားရတာမို့လို့ ချွမ်းရွေ့လည်း အတော်လေးကို ကြံရာမရ ဖြစ်နေရသည်။ နံရံကို မှီကာ ဒူးနှစ်ဖက်ကို ပိုက်ထားရင်း ကျုံ့ကျုံ့လေး ထိုင်နေမိသည်။

ဘဲလေးကို စွန့်လွှတ်ရမည်ဆိုသည့် စကားအစား သေလိုက်ပါလို့ပြောတာကတောင် သူ့အတွက်သနားညှာတာမှု ရှိဦးမည်။

သတ်သေလိုက်ရမလားဆိုတဲ့ အတွေးတစ်ခုတည်းကို ချွမ်းရွေ့ထိုင်တွေးနေခဲ့ပေမဲ့ ဒီလို အရှုံးပေးလိုက်ရင် သူတည်ဆောက်လာသမျှက သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။

သည်လိုနှင့် ချွမ်းရွေ့နံရံကိုပဲ မှီရင်း အိပ်ပျော်သွားတော့သည်။

ပြတင်းပေါက်ဆီကနေ ခေါက်သံကြားလို့ ချွမ်းရွေ့ အလန့်တကြား ဖြစ်သွားရသည်။ ဖုန်းလည်း မရှိသည့်အပြင် စားပွဲတင် နာရီကိုလည်း အမှောင်ထဲမှာ မမြင်ရတာမို့လို့ မည်သည့်အချိန်ဖြစ်နေပြီမှန်း မသိရသော်လည်း အပြင်မှာ အတော်လေး မှောင်နေသည်မို့  သွားကြည့်မိတော့ ရှိနေသူက ဂယူဘင်း။

ပြတင်းပေါက် ဖွင့်လို့မရကြောင်း ချွမ်းရွေ့က လက်ဟန်‌ခြေဟန်နှင့် ပြတော့ လသာဆောင်ဘက်ကို လက်ညှိုးထိုးပြသည်။ သော့ခတ်ထားကြောင်း ပြောတော့လည်း ခေါင်းညိတ်ပြသည်မို့ ချွမ်းရွေ့လည်း ရွေးစရာမရှိ။

ဂယူဘင်း ဒီအိမ်တော်ဝန်းထဲကို ဘယ်လိုဝင်လာသလဲ၊ သူရှိတဲ့အထပ်ကို ဘယ်လိုတက်လာသလဲ ဆိုသည့် မေးခွန်းတွေက ချွမ်းရွေ့ ခေါင်းထဲ အစီအရီ ဝင်ရောက်လာပေမဲ့ လသာဆောင်ဆီသွားတဲ့ တံခါးသော့လှည့်သံက ထိုအတွေးတွေ အကုန်လုံးကို အဝေးကို မောင်းထုတ်လိုက်သည်။

"ဘယ်လိုဝင်လာ..."

ဂယူဘင်းက ချွမ်းရွေ့၏ ပါးစပ်ကိုပိတ်၍ တိတ်တိတ်နေရန် အချက်ပြလာသည်။

"လိုက်ခဲ့..."

သည်အချိန်တွင် ချွမ်းရွေ့ အများကြီး လျှောက်တွေးနေ၍ မဖြစ်။

လသာဆောင်ဆီ တန်းထားတဲ့ လှေကားဆီကနေ ဂယူဘင်းက ခပ်မြန်မြန်ဆင်းလိုက်ပြီး ချွမ်းရွေ့ကို စောင့်နေလိုက်သည်။ အထစ်ရေ အနည်းငယ်ပဲကျန်တော့ပေမဲ့ အချိန် အတိုသ်းအတာရှိသည်မို့ မတတ်နိုင်ဘဲ ချွမ်းရွေ့ကို ခုန်ချလိုက်ဖို့ပြောရတော့သည်။

Trying to Catch a Wild RoseWhere stories live. Discover now