8-Your flower's filled with vitriol

411 54 2
                                    

Your flower's filled with vitriol

You built me up to watch me fall

You have everything and you still want more

~ ~ ~ ~

ချင်းဂုတို့ရေ ကားပါနော် ပြိုင်ကားပါ။ 🏎️ မစီးချင် ကြိုရှောင်နိုင်ပါတယ်။ မရှောင်ဘဲ ရှေ့မှာ လာပိတ်ရင် မောင်းနေတာက ပြိုင်ကားမို့လို့ ဘရိတ်လည်း မနင်းပေးနိုင်ပါဘူး ဖြတ်တိုက်သွားမှာပါ။ ကျေးဇူးတင်ပါတယ်။

8

Trying to Catch a Wild Rose

ချွမ်းရွေ့ အတန်တန်သတိထားနေတဲ့ ကြားကနေ သတင်းတစ်ခုက တက်ဖြစ်အောင် တက်လာသေး၏။

"Rivals or Lovers" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Theo နဲ့ ချွမ်းရွေ့ရဲ့ ပုံတွေ။ ချွမ်းရွေ့ လက်ထဲက နှင်းဆီပန်းစည်း။

ဂယူဘင်း သတင်းစာကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်သည်။ လက်ထဲက နှင်းဆီတွေကိုလည်း ပွင့်ဖက်တွေ ခြွေလိုက်မိ၏။

သူမကြိုက်ကြောင်း အတန်တန်ပြောထားရက်နဲ့လေ။ သူ ချွမ်းရွေ့ဆီ မသွားဖြစ်တိုင်း ချွမ်းရွေ့က သည်လိုသတင်းတွေ ထွက်အောင် လုပ်ပြီး သူ့ကို ရောက်လာအောင် လုပ်တတ်တာ။ သူကိုယ်၌က မသွားရ မနေနိုင်တဲ့ လူဖြစ်နေပြန်တော့လည်း...။

~ ~ ~ ~

ဘာကြောင့်မှန်းမသိ ဂယူဘင်းရောက်လာနိုင်တယ်ဆိုတဲ့ ခံစားချက်က ချွမ်းရွေ့ကို လွှမ်းမိုးထား၏။ သူ့ဘက်က မရည်ရွယ်ခဲ့တာဆိုတဲ့အကြောင်းကို သူသေချာရှင်းပြချင်ခဲ့တာ။ သူ အခုထိ ညစာတောင် မစားရသေးဘူး။

ညမှောင်လာတာနဲ့အမျှ လသာဆောင်တံခါးကိုသာ စောင့်ကြည့်နေမိသည်အထိ ဂယူဘင်းက သူ့အပေါ် စိုးမိုးလွန်းပါတယ်လေ။

ကုတင်ကိုမှီထိုင်နေရင်း လသာဆောင် တံခါးဖွင့်သံကြားတော့ မျှော်လင့်တကြီး မျက်ဝန်းတွေနှင့် ချွမ်းရွေ့မော့ကြည့်လိုက်မိသည်။ ဒေါသကြီးနေတဲ့ မျက်ဝန်းတွေနဲ့ ဂယူဘင်း။ ချွမ်းရွေ့ ပျော်လိုက်ရမလား။

ကင်မ်ဂယူဘင်းဆိုတဲ့လူက ချွမ်းရွေ့ကို ဘယ်တော့မှ စိတ်မပျက်စေဘူးလေ။

"ဒီမှာ စကားမပြောချင်ဘူး ကိုယ့်နေရာကို လိုက်ခဲ့..."

"အင်း..."

Trying to Catch a Wild RoseWhere stories live. Discover now