11-Mayor Shen

266 37 0
                                    

11

~Trying to Catch a Wild Rose~

'မြို့တော်ဝန်ရှန်'

'ပထမဆုံးဝင်ပြိုင်တဲ့အချိန်မှာ အနိုင်ရရှိသွားတဲ့ ပထမဆုံးမြို့တော်ဝန်ရှန်'

သတင်းခေါင်းစဉ်တွေ အမျိုးမျိုး အပေးခံရတဲ့ ရှန်ချွမ်းရွေ့ဟာ သတင်းစာတွေရဲ့ ထိပ်ဆုံး စာမျက်နှာမှာ အကြီးအကျယ်နေရာယူခဲ့သည်။ အဲသည့် အပြင်ကိုမှ ရေဒီယို သတင်းတွေမှာ၊ ရုပ်သံ သတင်းတွေမှာပါ ပါဝင်လာတဲ့အတွက် ချွမ်းရွေ့ကို ဖိတ်ခေါ်ကြပြီး အမျိုးမျိုးသော မေးမြန်းမှုအစီအစဉ်တွေကနေပါ ဖိတ်ခေါ်ခြင်း ခံရသည်။

တစ်ချို့ကလည်း ဘဲလေးကျချေသည် ဖြစ်ခဲ့ခြင်းကို အကြောင်းပြု၍ ပြဿနာရှာကြတာတွေလည်း ရှိသေးသည်။ ခနဲ့တဲ့ စကားအခွန်းတိုင်းကို ချွမ်းရွေ့ကတော့ အပြုံးတစ်ခုနှင့် တုံ့ပြန်သည်။

"ကျွန်တော်ကတော့ ဘဲလေး အကကို ကခွင့်ရခဲ့လို့ ဂုဏ်ယူပါတယ် Royal Ballet ဆိုတဲ့အတိုင်း ဘဲလေးအကနဲ့ တော်ဝင်ဆန်တာက ခွဲလို့မှ မရတာဘဲ..."

"ရှန်ချွမ်းရွေ့ဆိုတဲ့ သာမန် အမျိုးသားကနေ ရှင်းမ်ရစ်ကီဆိုတဲ့ ဘဲလေး ကချေသည်အဖြစ် လူသိလာခဲ့တဲ့အတွက် ကျွန်တော့်အတိတ်ကို ကျွန်တော်ရှက်ရွံမနေပါဘူး...မြို့တော်ဝန် ရှန်ချွမ်းရွေ့ အဖြစ်နဲ့လည်း ဘဲလေးအကကို ဆက်လက် အားပေးထောက်ပံ့သွားဦးမှာပါ..."

သည်လိုနဲ့ပဲ ချွမ်းရွေ့ကို တိုက်ခိုက်ပုတ်ခတ်တာတွေက လပိုင်း အကြာမှာတော့ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့တော့၏။

ဒုတိယ မြို့တော်ဝန်ကတော့ Theo ဖြစ်၏။ ချွမ်းရွေ့အတွက်တော့ ထိုသူက သူငယ်ချင်းကောင်း တစ်ယောက် အဖြစ် ဆက်ရှိနေဆဲ ဖြစ်သည်။

"မြို့တော်ဝန်ရှန် ကိုယ့်ကို မြင်နိုင်တဲ့ အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အထိ သူငယ်ချင်းအဖြစ် ဆက်ရှိနေပေးပါ့မယ်"

ချွမ်းရွေ့ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံလိုက်ရကြောင်း ကြေညာပြီးတဲ့ရက်၊ ဂုဏ်ပြုညစာ စားပွဲမှာ ပြောခဲ့တဲ့ Theo ရဲ့စကား။

"အခူးခံလိုက်ရတဲ့ ပန်းတစ်ပွင့်က တဖြည်းဖြည်းညှိုးလာတာပါပဲ...ကိုယ့်ကို ခူးယူပြီးသား လူတစ်ယောက်ရှိတယ်...အင်း...အဲ့လူကပဲ ကိုယ့်ကို လွှတ်ချသွားခဲ့တယ်...သူ့အပြစ်ရယ်လို့တော့လည်း ကိုယ်မဆိုသာပါဘူး...ကိုယ်က အဆူးတွေ များတဲ့သူလေ...အဆူးများလို့ အဲဒီလူကတောင် ပစ်ချသွားခဲ့တဲ့ ကိုယ့်လို ပန်းတစ်ပွင့်ကို မကောက်ယူချင်စမ်းပါနဲ့...မင်းက ငါ့ထက်ပိုကောင်းတဲ့လူနဲ့ ထိုက်တန်ပါတယ်..."

Trying to Catch a Wild RoseWhere stories live. Discover now