Part-10(U)

995 87 47
                                    

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Part-10

"သစ်ဆွေး"

"သစ်ဆွေး ဟေ့"

တစ်ကိုယ်လုံး နာကျင်လေးလံနေကာ မျက်စိတို့ပင် မဖွင့်ချင်။ နားထဲ ခပ်ဖွဖွ တိုးဝင်လာသည့် ခေါ်သံနှင့်အတူ ပုခုံးပေါ်က ခပ်ဆဆ အထိအတွေ့။

ပူထူနေသည့် ကိုယ်ငွေ့ကြောင့် သစ်ဆွေး ဖျားနေပြီမှန်း သိပေမယ့် ကျိန်းစပ်နေသည့် မျက်လုံးတို့က ချက်ချင်း ဖွင့်မရ။
လက်တို့က လှုပ်မရဘဲ တစ်ခုခုနှင့် စီးနှောင်ခံထားရသလိုဖြစ်ကာ ရုန်း၍ လည်း မရ။
စိမ်းသက်သည့် အောက်သိုးသိုး အနံ့အသက်နှင့် ကြမ်းရှရှ အေးစက်စက်ကြမ်းပြင်။
သစ်ဆွေး မျက်လုံးတို့ ဖွင့်၍ ရသည်နှင့် မြင်လိုက်ရတာသည် ခပ်မှိန်မှိန်အလင်းရောင်။

"သစ်ဆွေး"

နံဘေးက ထပ်မံထွက်လာသည့် အသံကြောင့် သတိမမေ့ခင်က ဖြစ်ပျက်သမျှတို့က အစီအရီ ခေါင်းထဲ ပေါ်လာတော့သည်။

"အကို!"

နာကျင်နေသည့် ဒဏ်ကိုပင် မမှုနိုင်ဘဲ အကိုရှိရာဘက်ခြမ်းလှည့်ရင်း အထိအခိုက် ရှိ၊ မရှိ မျက်ဝန်းတို့နှင့်ပင် စစ်ဆေးနေမိသည်။

မီးရောင်ဖျော့ဖျော့အောက် မျက်ရည်ဝေ့နေသည့် အကို့မျက်နှာလေးကို စုံချည်ဆန်ချည် အကဲခတ်တော့ မျက်ခုံးထက်က အနည်းငယ် သွေးစို့နေသည့် ဒဏ်ရာကိုတွေ့ရသည်။ တစ်ခုခုနှင့် ဆောင့်မိဟန်တူသည်ကြောင့် ထိုနေရာက အနည်းငယ်တော့ ယောင်နေသည်။

"ဘယ်နားထိထားသေးလဲ အကို ဘယ်နား နာလဲ"

"နည်းနည်း ပွန်းပဲ့ရုံပဲ ငါ အများကြီး မဖြစ်ဘူး ဒီလောက်က ခံနိုင်တယ် မင်းသာ အများကြီးထိခဲ့တာ"

အကို့အကြည့်တွေသည် သစ်ဆွေးညာဘက်လက်မောင်းနှင့် ခြေထောက်တွေဆီ။
ရှပ်အဖြူပင် လက်မောင်းတစ်ဝိုက် အရောင်ပြောင်းကာ ဖွာဆန်ကြဲနေသည်။ လက်မောင်း‌ဘေး အသားတို့ ပြဲနေသည့် ဒဏ်ရာက အတော်အတန်ကြီးကာ သွေးစသွေးနတို့ပင် ခြောက်ကပ်နေပြီ ။ တော်ပါသေးသည်။ ဒီလက်နှင့် အကိုလေးကို ထွေးဖက် ကာလိုက်နိုင်လို့။ ထိုအချိန်က ဆိုင်ကယ်အရှိန်က နှေးထားသည့်အချိန်မို့လည်း နှစ်ယောက်လုံး သိပ်အထိမနာခဲ့တာ ဖြစ်လိမ့်မည်။
ခြေထောက်တစ်ဖက်က ကျိုးတော့ မကျိုးဘဲ အောင့်မျက်မျက်တော့ ဖြစ်၍နေသည်။ ဒူပေနာပေခံခဲ့သည့် သစ်ဆွေးအဖို့ ခံနိုင်ရည်ကတော့ သူများထက် ကောင်းပါသည်။

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်Where stories live. Discover now