episode-3

15 0 0
                                    

အခုဆိုထယ်ယောင်းဆိုးလ်ကဂျီမင်းတို့အိမ်မှာနေတာတစ်လလောက်ရှိပြီဖြစ်သည်။ရောက်ပြီးတစ်ပတ်ကတည်းကထယ်ယောင်းအချိန်ပိုင်းအလုပ်တွေရှာပြီးကြိုးစားပမ်းစားငွေရှာနေသည်။သူ့အမေကိုလွမ်းပေမယ့်ဒီမှာပိုငွေရှာနိုင်တော့ပိုက်ဆံပုံမှန်လွဲပေးရင်အမေကသူရှိနေတာထက်ပိုသဘောကျမှာပဲဆိုတဲ့စိတ်နဲ့သာနေရှာသည်။

*****

"ဂျီမင်းနားမင်းတက္ကသိုလ်တတ်ရတာပျော်ဖို့ကောင်းလား"

"ပျော်ဖို့တော့ကောင်းပေမယ့်. .စာတွေလုပ်ရတာပင်ပန်းတယ်. ."

"ဟုတ်လား. . .aigoo. .ငါ့တို့ဂျီမင်းလေးပင်ပန်းသွားပြီ ဒီအစ်ကိုကမင်းကြိုက်တဲ့spicyလုပ်ကျွေးမယ်ခဏစောင့်နော်. . ."

"ကျေးဇူးတော့တင်ပေမယ့်ငါကကြီးတာပါနော်. . .ဒါနဲ့ommaကောထယ်ယောင်းနား"

"အဒေါ်ကြီးဆယ်ဟွန်းကကိစ္စလေးရှိလို့ခဏတဲ့. . .ညနေကြပြန်လာမယ်ပြောတယ်"

"ငါတို့ဒီနေ့လျှောက်လည်ရအောင်လေထယ်ယောင်းနား"

"မဖြစ်ဘူးဟငါဒီနေ့ပန်ဆိုင်ကသူဌေးခိုင်းထားတဲ့အမှာတွေသွားပို့ပေးရမှာ"

"ဒါမဲ့ဒီနေ့ကပိတ်ရက်လေ"

"ဒါပေမယ့်ငါနားလို့မရဘူးလေလကုန်ရင်အမေ့ကိုပိုက်ဆံလွဲပေးချင်သေးတာ"

"ဟင့်. .အဒေါ်ကြီးမီယောင်းကဖြင့်မင်းရောက်ခါစကစိတ်မပူနဲ့ပိုက်ဆံပုံမှန်လွှဲပေးပါ့မယ်ပြောတုန်းကတည်းက အေးလွှဲပေးလို့ပြောပြီးဖုန်းလေးတစ်ခါတောင်ထပ်မဆက်ဘူး"

"ဆိုင်ပြန်ဖွင့်နေပြီဆိုတော့အမေလည်းမအားလို့နေမှာပါဂျီမင်းရယ်"

ဂျီမင်းကတော့ထယ်ယောင်းအမေကိုနည်းနည်းလေမှမကျေနပ်ပါ။အမြဲထယ်ယောင်းပင်ပန်းနေတာသိပြီးထယ်ယောင်းကိုသနားမိသည်။ထယ်ယောင်းလည်းနေ့လည်လောက်ရောက်တော့သူ့အချိန်ပိုင်းလုပ်တဲ့ပန်းဆိုင်ကိုထွက်လာခဲ့လိုက်သည်။

. . .*. . .*. . .*. . .

"ကောင်လေးပန်းတွေကိုဒီဘက်မခဲ့ပေး"

"ဟုတ်"

"ဒါတွေအကုန်ပဲမလား"

"ဟုတ်ပန်းတွေတစ်ချက်စစ်ပြီးလက်ခံပြီးကြောင်းလက်မှတ်လေးထိုးပေးပါခင်ဗျ"

perfectWhere stories live. Discover now