episode-5

12 0 0
                                    

"ဒီမှာဗျ. .ကလေးအဖေလားလို့မေးနေတယ်လေ. . ."

ဂျောင်ကုလည်းအို့တို့အန်းတန်းဖြင့်ပြန်ဖြေလိုက်ရသည်။

"ဟုတ်. .ဟုတ်ကဲ့"

"အားအဲ့လိုကိုထင်တော့ထင်ပါတယ်ကလေးလေးနဲ့ကနှာတံချင်းတစ်ထေရာတည်းပဲဆိုတော့. . .တာဝန်အရမလို့မေးတာပါ"

"ဟုတ်ရပါတယ်"
*ဘာလဲငါ့မျက်နှာမမြင်လိုက်တာလား*

"နာမည်ဘလိုခေါ်လဲ"

*နာမည်ဘယ်လိုပြောရမလဲအမှန်တိုင်းပြောရင်အဆင်ပြေပါ့မလား*

"ကလေးနာမည်ဘယ်လိုခေါ်လဲလို့"

"ဟင်. ."
*ကလေးနာမည်မေးတာလား*
"ဟိုလေနာမည်ကကလေးအမေပေးထားမှာဆိုတော့. .မသိသေးဘူး"

*ဘာလဲဟကလေးအဖေဆိုပြီးကလေးနာမည်မသိဘူးဟုတ်လား*

*နေပါအုန်းငါ. .ငါကဘာလို့ဒါတွေရှင်းပြနေမိတာလဲ*
"နေပါအုံးကိုယ့်ကလေးကိုလာတွေ့တာအဲ့လောက်ထိပြေပြရမှာလား"

ဂျောင်ကုကအရှက်ပြေတစ်ဖက်လူအားအော်လိုက်မိသည်။ထယ်ယောင်းလည်းအဲ့တော့မှသူစကားများမိတာကိုသတိထားမိသည်။

"တောင်းပန်ပါတယ်ဗျ​ကျွန်တော်စကားနည်းနည်းလွန်သွားတယ်"

ပြောပြီးထယ်ယောင်းလည်းအခြားကလေးတွေရှိတဲ့ကုတင်ဘက်ကိုထွက်လာခဲ့လိုက်သည်။ခဏကြာတော့ဟိုဆော့ကဂျောင်ကုတို့ဆီရောက်လာသည်။ဂျောင်ကုသမီးလေးကအခုဆိုငါးလသားလေးမို့မျက်နှာပေါက်လေးကအတော်ပုံပေါ်နေပြီးသူနဲ့တူတော့ဂျောင်ကုနှလုံးသားမှာချစ်စိတ်လေးပေါ်လာမိသည်။

"hobi hyung ကလေးအခြေအနေကဘာတဲ့လဲ. .သက်သာရဲ့လား. .အထွေအထူးမရှိဘူးမလား. ."

"ဂျောင်ကုရယ်တစ်ခုချင်းမေးပါ. .ကလေးကအဆင်ပြေတယ်ခရီးဝေးကဆိုတော့ပင်ပန်းပြီးဖျားတာအခုအဖျားကျသွားပြီစိတ်မပူနဲတော့"

"အင်းပါ"

"ဒါနဲ့ငါမင်းတို့တိုင်ပင်ထားတဲ့အတိုင်းစီစဥ်ထားတယ်အခုချက်ချင်းစရတော့မလား"

"အော. .အဲ့လိုဘဲလုပ်လိုက်ပါ. ."

"ဟန်မီနာရှီလည်းရောက်ပြီဆိုတော့ဂျောင်ကုမင်းငါနဲ့တစ်ခါတည်းလိုက်ခဲ့ငါကားမယူလာဘူးမင်းကိုတစ်ခါတည်းခေါ်ရအောင်လို့. . ."

perfectΌπου ζουν οι ιστορίες. Ανακάλυψε τώρα