part-4*_*

1.8K 77 0
                                    

သမုနေမကောင်းဖြစ်နေတာကို ခေတ်သွေးမသိပါဘူး။ ခေတ်သွေးက သမုဆီပုံမှန်တိုင်းလာနေကြဖြစ်တာကြောင့်အခုလဲပုံမှန်တိုင်းသမုဘေးကိုရောက်လာသည်။

"သွေး...."

သမုက လေသံရှည်ဖြစ် ခေါ်လိုက်သည်။သမုရဲ့အသံကဆွဲငင်မှုအပြည့်ပါလျက်နားထောင်ကောင်းသည်။

"ဘာလဲ...နေမကောင်းပြန်ဘူးလား!"

ခေတ်သွေး ပုခုံးလေးကို မှီကာ ကပ်ချွဲနေတဲ့ သမုရဲ့ နှဖူးပြင်လေးကို လက်နဲ့စမ်းပြီးမေးလိုက်ခြင်းဖြစ်သည်။

"မကောင်းဘူး ခေါင်းကိုက်နေတယ် အချစ်အာဘွားပေး..."

"ဟင်..."

ပြွတ်စ်~~~

သမုက ခေတ်သွေးရဲ့ပါးပြင်လေးကို အနမ်းဖွဖွလေးပေးလိုက်တော့ ခေတ်သွေးရဲ့ခပ်ရဲရဲပါးပြင်လေးက နီရဲတက်လာသည်။

ခေတ်သွေးရဲ့ ရှက်သွားတဲ့မျက်နှာလေးကို သမုကြည်မိသည်။

အဟက် $ရမ်းလှတယ် အဲ့လောက်လှတာ ယောက်ျားလေးမဖြစ်သင့်ဘူး။

"အဟက်..."

"ဘာရီတာလဲ..."

"မင်းသာ မိန်းကလေးဆိုရင် ငါမင်းကိုပဲယူမှာသိလား ဟားးးဟားးး"

မိန်းကလေးမှတဲ့လား သမုရာ ။

"ဟင့်အင်း မသိဘူး"

ခေတ်သွေးကခေါင်းခါလျက် နှုတ်ခမ်းရဲရဲလေးကို ထော်ပြီးပြောလာသည်က တကယ်ကို ကလေးတစ်ယောက်အလားချစ်ဖို့ကောင်းသည်။

"လာ ဆေးသောက်မယ်"

"ဟာ မသောက်ချင်ဘူး အဲ့ဆေးတွေကခါးတယ်ကွ မသောက်ဘူး!"

"မသောက်ရင် မင်းအဖျားကျမှာမဟုတ်ဘူး"

"မသောက်ဘူး"

မသောက်ဘူးပဲငြင်းနေတဲ့ သမုအတ္တညိုကို ခေတ်သွေးမနိုင်ပေ။ သမုကငယ်ငယ်လေးထဲကဆေးသောက်ကြောက်တဲ့လူပါ ။ခေတ်သွေး အကြမ်းနည်းနဲ့သမုကိုဆေးတိုက်၍မရဘူးဆိုတာသူကိုယ်တိုင်သိသည်။

"သောက်လိုက်ပါ ! ကိုကိုရာ နော် ! နော်လို့ "

""နောက်တစ်ခေါက်ထပ်ခေါ်ရင်သောက်မယ် ! နောက်တစ်ခေါက် ! နောက်‌တစ်ခေါက်ပဲနော်!"

Friend Lover...(complede)Onde histórias criam vida. Descubra agora