part-16*_*

1.4K 40 0
                                    

ခေတ်သွေးအတွက်အဝတ်စားဝယ်ရန် သူတို့သုံးယောက်ထွက်လာကြသည်။သမုကတော့ တစ်လမ်းလုံး ခေတ်သွေးကိုပါးကိုင်လိုက်ဆံပင်ကိုင်လိုက်နဲ့လိုက်စနေသည်။လက်ကလေးကတစ်စက်မှအငြိမ်မနေ။အရှေ့ကကားမောင်းနေရသည် HAVI ကိုလည်းအားမနာပါပေ။

"Boss...ရောက်ပါပြီ"

"အင်း"

France ရဲ့နာမည်ကြီးဆိုင်တစ်ဆိုင်မှာကားရက်ပေးလိုက်သည်။ Dior ဆိုတဲ့ ဆိုင်ထဲကိုဝင်ခဲ့သည်။ခေတ်သွေးကတော့ ဆိုင်ရဲ့ကြီးကြယ်ခန်းနားမှုကိုအငမ်းမရငေးကြည့်နေမိသည်။

"လာ...ဖိနပ်အရင်ဝယ်ရမယ်"

"ဟမ်...အင်းအင်း"

ဆွဲခေါ်ရာနောက်ကိုလက်ကားယားခြေကားယားဖြင့်ခေတ်သွေးပါသွားသည်။ဖိနပ်တံဆိတ်များကိုလိုက်ကြည့်လျက် ခေတ်သွေးပါးစပ်ပြန်မစိနိုင် ။ဖိနပ်တစ်ရံကို ဒေါ်လာ နှစ်သိန်း‌ ကျော်ရှိသည်ရှိသည်လေ။မြန်မာငွေနဲ့ဆို သိန်းပေါင်းသောင်း‌ ကျော်ရှိလိမ့်မည်။

"ဒီဟာကြိုက်လား"

သမုပြသည့် ဖိနပ်တံဆိပ်က Balenciaga Triples ဖြစ်ပြီး ဒေါ်လာ သိန်း 650ရှိသည်။ခေတ်သွေးထိုဈေးနှုန်းကိုမြင်တော့ မျက်လုံးများပြာရီလာရသည်။

"ဟင့်အင်း ဈေးကြီးတယ်"

"ဘာကိုဈေးကြီးရမှာလဲ ဒါရေကြိုက်လား Prada cloudburst Thunder အဲ့တံဆိပ်ရောကြိုက်လား"

သမုပြသည့်နောက်တစ်ခုဈေးနှုန်းက $895 ခုနကဟာထက်တောင်ပိုဈေးကြီးနေသေးသည်။ဖိနပ်တစ်ရံကိုအဲ့လောက်ဈေးကြီးပေးပြီးစီးဖို့ဆိုတာခေတ်သွေးတွေးတောင်မ‌တွေးဘူး။အခုဟာက သူ့တစ်သက်လုံးရှာရင်တောင်ဒီဖိနပ်တစ်ရံဖိုးရမည်မဟုတ်။

သမုကတစ်ရံပြီးတစ်ရံပြသည်။သူကနော့ခေတ်သွေးမကြိုက်ဘူးထင်ပြီးပြနေတာ။ဟိုကဈေးကြီးလိုသက်သက်မစီးတာဖြစ်သည်။

"ကြိုက်ကြိုက်၊မကြိုက်ကြိုက် Vendome Flex Derby ဒီတံဆိပ်ပဲယူလိုက်‌တော့ နောက်ထက်ဝယ်စရာတွေအများကြီးကျန်သေးတယ်"

သမုပြသည့်တံဆိပ်သည် ဒေါ်လာ သိန်း 1580 ရှိသည်။

အင်္ကျီရယ်လိုအပ်မယ်ထင်သည့်အသုံးအဆောင်းပစ္စည်းတွေကိုတော့ Dior ဆိုတဲ့တံဆပ်နဲ့ပဲဝယ်ပေးလိုက်သည်။

Friend Lover...(complede)Where stories live. Discover now