part -26*_*

814 22 3
                                    

မင်္ဂလာဆောင်ခန်းမ၌ လူတွေဆုံနေပြီဖြစ်သည်။ သတိုးသမီးက လည်းအဆင်သင့်ဖြစ်နေသည်။ သတိုးသားဖြစ်သူကအခုထိပေါ်မလာသေးပါ။

"သမုအတ္တညိုရော..."

"အန်တီသမီးသွားရှာလိုက်ပါ့မယ်"

"အော်..အေ‌ မြန်မြန်ပြန်လာခဲ ပွဲကစတော့မယ်"

သတိုးသမီး သမုကိုရှာဖို့ထွက်လာသည်။ နေရာအနှံရှာနေပေမယ့်သတိုးသားကိုမတွေ့ပါ။နောက်ဆုံးတစ်နေရာဖြစ်သည့် အဝတ်လည်းခန်းမှာမရှိရင် ဘယ်နေရာမှာမှမရှိပါ။

နှင်းပွင့်လွှာ ထိုအခန်းကိုဖွင့်မည်အလုပ် အခန်းထဲကစကားသံတစ်ချို့ကြောင့် လက်များတုန်ရည်သွားရသည်။

"ကောင်းစစ်ရာ ငါ့ကိုမကူညီနိုင်တော့ဘူးလား ငါ့ကိုဒီကနေအမြန်ဆုံးခေါ်သွားလိုက်ပါလားကွာ မင်းကငါ့သူငယ်ချင်းမဟုတ်ဘူးလား ငါ့ကိုကူညီပေးစမ်းပါကွာ"

"မင်းအဲ့လိုလုပ်တော့ ဘာရမှာလည်းကွာ လူကြီးတွေမျက်နှာပျက်ကုန်လိမ့်မယ်လာပါသွားရအောင်ကွာ"

ကောင်းစစ်က သမုကိုလက်ကနေအတင်းဆွဲခေါ်လာရသည်။ နှင်းပွင့်လွှာကတော့ ဆွံ့အလျက် ခန်းမထဲကိုသာ ပြန်ပြေးသွားသည်။ဒီတခါတော့ တကယ်ကိုစိတ်ပျက်မိသည်။ သူမှာတော့ ချစ်လိုက်ရတာ။ သူကတော့နည်းနည်းမှအလေးမထား။တကယ်ကိုမကောင်းတဲ့လူပါပဲလား။

ခန်းမထဲမှာ မကြည်မသာမျက်နှာဖြင့်ရပ်နေသည့်သမု။ စိတ်တို့ကအလုံးဆုံရှုပ်ထွေးလျက်။ အကုန်လုံးကို ပေါက်ခွဲပစ်လိုက်ချင်သည်။

ဖာသာ "သတိုးသား မှသတိုးသမီးကိုသစ္စာရှိရှိပေါင်းသင်နိုင်ပါသလား"

"နေပါအုံးရှင့် ကျွန်မပြောစရာတစ်ခုရှိလို့"

ဖာသားရှိကမိုက်ကိုယူပြီးစကားဖြတ်ပြောလိုက်သည်။နှင်းပွင့်လွှာစကားကြောင့် သမုနှင်အတူ အားလုံးက ကြောင်အလျက်ကြည့်နေမိသည်။ နှစ်ဖက်မိဘတွေက ပြုံးနေရာကနေ နှင်းပွင့်လွှာကို အာရုံးစိုက်ကြည့်လာကြသည်။

"ရှင်တိုပဲစဉ်းစားကြည့် ကိုယ့်ကိုမချစ်တဲ့သူနဲ့လက်ထက်ကမယ့်ခံစားချက်က အဆုံးစွန်နာကျင်ရတယ်မလား။ ကိုယ့်ဘက်ကသာ သူကိုချစ်နေတာ။သူဘက်ကတခြားတစ်ယောက်ကိုချစ်နေတာလေ။ မိဘတွေကို မလွန်ဆန်နိုင်လို ဒီလက်ထက်ပွဲကိုလက်ခံခဲ့တယ်ဆိုပေမယ် ကျွန်မသူကိုတကယ်ချစ်တာပါ။ဒါပေမယ့် သူဘက်မချစ်ရင်တောင်နည်းနည်းလေးတော့ အလေးထားစေချင်ပါတယ်။ နောက်ပြီး ကျွန်မတို့လက်ထပ်လည်း ဒီအိမ်ထောင်ရေးက ရေရှည်တည်တံ့မှာမဟုတ်ဘူး။ အဲ့တာကြောင့် ဒီလက်ထပ်ပွဲကို ကျွန်မဘက်ကနေဖျက်သိမ်းပါတယ်။ ဖေဖေနဲ့မေမေလည်းသမီးကိုခွင့်လွှတ်ပါ"

Friend Lover...(complede)Where stories live. Discover now