Part 1

962 51 9
                                    

[Unicode]Part 1
________________________

မှိုင်းမှိုင်းညှို့ညှို့ရာသီဥတုတစ်ခု။
ပြိုကျတော့မလိုနိမ့်ဆင်းလာနေတဲ့တိမ်တိုက်တွေ။ လေပြင်းတွေကလဲ တစ်ချက်တစ်ချက် ယိမ်းထိုးသည်ထိတိုက်ခတ်နေပါသေးရဲ့။

"ထယ်ယောင်း...အိမ်ထဲပြန်ဝင်ခဲ့စမ်း..."

မေမေက ပြတင်းပေါက်ကနေအော်ပြောလာခဲ့တယ်။ သူ့အရှေ့မှာရပ်နေတဲ့ကောင်လေစက ထိုအသံလာရာကိုလှမ်းကြည့်ပြီး သူဆုပ်ကိုင်ထားတဲ့လက်ကိုဖြုတ်ချတယ်။

"ဝင်တော့...မိုးရွာလာတော့မယ်..."

ထိုစကားသံဟာ သူ့အကြည့်တွေအတိုင်းအေးစက်စက်။

"ငါအိမ်ထဲဝင်သွားရင် ငါတို့တစ်ကယ်ဝေးရတော့မှာနော်"

"အင်း"

ခွန်းတုံ့ပြန်သည့်စကားလုံးဟာ 'အင်း'တဲ့လေ။ ထယ်ယောင်း လက်ဖျားတွေဟာအေးစက်သည်ထက်အေးစက်လာခဲ့တယ်။ မိုးကိုခေါ်ဆောင်လာခဲ့တဲ့လေအေးက ဖြတ်တိုက်ပြန်တော့ တစ်ကိုယ်လုံးက စိမ့်ကနဲ။

"အအေးမမိစေနဲ့...ကျွန်တော်မရှိတဲ့အချိန် အစစအရာရာဂရုစိုက်..."

သူ့ပုံစံအတိုင်းပဲ။
နောက်ဆုံးအချိန်ထိ ဂျောင်ကုက သူ့ပုံစံအတိုင်း နွေးထွေးချင်ရက်နဲ့ အေးစက်ချင်ယောင်ဆောင်ပြန်ပြီ။

"ငါ့ကိုစာပြန်ပေး..."

ဂျောင်ကုကခေါင်းလဲမခါသလို ခေါင်းလဲမငြိမ့်။ ဒါက အရှက်မရှိစွာတောင်းဆိုမိတာ ဒုတိယအကြိမ်မြောက်။

"သွားတော့မယ်..."

ခြေလှမ်းတွေကိုလှည့်ထွက်ပြီး သူ့ကိုကျောခိုင်းသွားတယ်။ သူဘက်က အရင်ကျောမခိုင်းနိုင်ရင် ဂျောင်ကုဘက်ကအရင်ကျောခိုင်းမယ်ဆိုတာ သိနေခဲ့ပါရဲ့။ ဒီအချိန်ကစလို့ သူတို့နှစ်ယောက်ဟာ တစ်ကယ်ဝေးကွာသွားခဲ့ရပြီ။

မိုးပေါက်တွေ တဖြောက်နှစ်ဖြောက်ကျလာပြီး အနက်ရောင် Benz ကားဆီက ကားစက်နှိုးတဲ့အသံ။ ထယ်ယောင်းခြေထောက်တွေဟာ မတ်တပ်ရပ်ဖို့တောင်အားမရှိတော့သလိုပဲ။ မြေပေါ်ထိုင်ချပြီးအော်ဟစ်ငိုယိုပစ်လိုက်ချင်တယ်။

𝙰 𝙻𝚎𝚝𝚝𝚎𝚛 𝚃𝚘 𝑍𝑖𝑛𝑛𝑖𝑎Where stories live. Discover now