Part 3

539 55 45
                                    

[Unicode]Part 3

________________

21ရာစုဆီရောက်လာခဲ့ပြီးတဲ့နောက်ပိုင်း ပြောင်းလဲမှုတွေက အချိန်နဲ့တစ်ပြေးညီ လိုက်မမှီနိုင်အောင်ဖြစ်လာခဲ့ပြီ။ ဆဲလ်ဖုန်းတွေနေရာမှာ စမတ်ဖုန်းတွေကိုပြောင်းလဲအသုံးပြုလာနိုင်ခဲ့သလို အင်တာနက်ကဖေးလ်တွေဆီကနေလဲ တိကျတဲ့သတင်းနဲ့အချက်အလက်တွေကို လွယ်ကူလျင်မြန်စွာထုတ်ယူလာနိုင်ပြီ။

'စီးပွားရေးလောကရဲ့ ထိပ်တန်းစာရင်းဝင် ဂျွန်အုပ်စုမှ အငယ်ဆုံးသားအား မီဒီယာဆီတရားဝင်မိတ်ဆက်"

အဆောက်အဦးတစ်ခုရဲ့ဖန်သားပြင်ထက် ပေါ်နေသည့် သတင်းအကြောင်းအရာနဲ့အတူ ကင်မရာမီးရောင်တဖျတ်ဖျတ်ကြား  စကားပြောနေသည့် အမျိုးသားတစ်ယောက်၏ပုံရိပ်။

ဂျွန်ဂျောင်ကုတဲ့။
ဂျွန်အုပ်စုရဲ့သားအငယ်ဆုံး။
ဂျွန်အုပ်စုကိုဆက်ခံမယ့်မျိုးဆက်။
တည်ကြည်လွန်းသည်။ခန့်ငြားလွန်းသည်။တွေးထင်ထားသည်ထက် ပိုမိုကာချောမောလွန်းသည်။

ဒါပေမယ့် ထိုပုံရိပ်အား မြင်နိုင်စွမ်းမရှိတော့သော သူကတော့ ခရမ်းရောင်ဆေးတို့ပြယ်လွှင့်နေတဲ့ အခန်းငယ်လေးအတွင်း စန္ဒရားကိုတီးခတ်ရင်း အေးအေးလူလူ။

ပြတင်းဘက်ဆီမှ လေတို့တိုးဝင်တော့ ကျောက်ဆည်းလည်းမြည်သံလေးက တချွင်ချွင်။ စန္ဒရားတီးခြင်းကိုရပ်လိုက်သည်။

လျှပ်၍ပွင့်လာသည့်တံခါးနောက် ခံစားမိတဲ့သစ်ခွနံ့။တံခါးဝဆီလှည့်ကြည့်လိုက်ကာ...

"မင်းပြန်လာဖို့ ငါ့မှာတော့ အကြာကြီးစောင့်လိုက်ရတာပဲ မောင်ရယ်..."

မောင့်အပြုံးတွေဟာ နူးညံ့လိုက်လေခြင်း။

______________________________

"အကိုရေချိုးပြီးပြီပေါ့..."

ရင်းနှီးနေတဲ့အသံလွင်လွင်။ ထယ်ယောင်း ခေါင်းငြိမ့်လိုက်ကာ စန္ဒရားအား အဖုံးပိတ်လိုက်သည်။

"ဘာလို့ အဲ့တီရှပ်အစုတ်ကြီးဝတ်ထားပြန်တာလဲ...အရောင်တောင်လွှင့်နေပြီဟာကို..."

ညီဖြစ်သူရဲ့အမေးကြောင့် ထယ်ယောင်းအသာအယာလေးပြုံးလိုက်သည်။ကိုယ်ပေါ်မှတီရှပ်အားလက်ဖြင့်စမ်းလိုက်ကာ...

𝙰 𝙻𝚎𝚝𝚝𝚎𝚛 𝚃𝚘 𝑍𝑖𝑛𝑛𝑖𝑎Where stories live. Discover now