Part 4

733 60 55
                                    

[Unicode]Part 4

__________________

အနောက်ဝရံတာရှိ ခေါက်ကုလားထိုင်လေးပေါ်ထိုင်ပြီး radio ကလာတဲ့သတင်းကိုနားထောင်နေတဲ့အကိုထယ်ယောင်း။အနည်းငယ်ရှည်နေတဲ့အကို့လက်သည်းတွေကို ညှပ်ပေးရင်း အကို့အား ဘေး၌အဖော်ပြုပေးနေမိသည်။

အကို့ရဲ့လက်ချောင်းတွေဟာ ယောက်ျားတစ်ယောက်ရဲ့လက်ချောင်းပါလို့မထင်ရက်နိုင်အောင်အထိ လှပသွယ်လျလွန်းသည်။ ဒီလက်ချောင်းတွေက အမှန်ဆို စန္ဒရားခလုတ်တွေပေါ်လှလှပပရှိနေရမှာ။အခုများတော့....

"နေကျပြီးသွားရင် ချိတ်ထားတဲ့သစ်ခွလေးတွေဖြုတ်ပြီး ရေဆွတ်ဦးနော်ဘောမ်ဂယူ..."

ဘောမ်ဂယူအတွေးများနေခိုက် အကို့ဆီက သတိပေးစကားထွက်လာသည်။

"ကျွန်တော်လုပ်လိုက်ပါ့မယ်..."

ဝရန်တာ အပေါ်ဘက်တန်း၌ ချိတ်ဆွဲထားသော သစ်ခွအိုးလေးများကိုအကိုကအမြဲဂရုတစ်စိုက်ရှိသည်။အောက်ဘက်ရှိပန်းအိုးများကိုတော့ အကိုက သူ့ဘာသာ ရေလောင်းလေ့ရှိပေမယ့် ထိုသစ်ခွအိုးများကျတော့ ကျကွဲမှာစိုးလို့ဆိုပြီး သူလုံးဝမထိ။

"အော်...ဒါနဲ့မေမေက သစ်ခွတွေအသစ်ရောက်လို့ အကို့အတွက် သုံးအိုးချန်ထားတယ်တဲ့..."

သူပြောတော့ အကိုကပြုံးသွားလျက် တက်တက်ကြွကြွပင်...

"ဟုတ်လား...ချိတ်စရာနေရာရှိသေးရင်တော့သွားယူလေ"

ပန်းဆိုသည့်အသံကြားလိုက်တာနဲ့အကိုကပြုံးသွားလေ့ရှိသည့်အကိုထယ်ယောင်း။ထိုအပြုံးကိုမြင်တော့ အကိုအရင်က အမြဲပြောဖူးတာကို ဘောမ်ဂယူသတိရမိ၏။

'ပန်းပင်ရေလောင်းမယ့်သူ ရောက်မလာသေးလို့ရယ်ပါ...ငါက အနောက်ဝရံတာမှာပန်း‌တွေအပြည့်စိုက်ချင်လှပြီ'...တဲ့။

အကို့အတွေးလေးတွေကလဲ အကို့နည်းတူ ကဗျာဆန်ကာလှပလွန်းသည်။ယခုပင် အနောက်ဝရံတာ၌ ပန်းပင်တို့များစွာရှိနေခဲ့ပြီ။သို့သော်အကိုက ထိုပန်းတို့၏ရနံ့ကိုသာခံစားနိုင်ပြီး အလှကိုတော့မရှူမြင်နိုင်။

တစ်ဆက်တည်း၌ ပန်းပင်ရေလောင်းမည့်သူဆိုတာ အကိုချစ်ရပါသော ထိုယောက်ျားအားဆိုလိုခြင်းပင်လားဟု ဘောမ်ဂယူတွေးမိသည်။တစ်ခါလေကျ ဆိတ်ငြိမ်လွန်းလှသော အကို့အတွေးထဲဘာတွေရှိနေသလဲဆိုတာ ဘောမ်ဂယူသိချင်လွန်းလှပါသည်။

𝙰 𝙻𝚎𝚝𝚝𝚎𝚛 𝚃𝚘 𝑍𝑖𝑛𝑛𝑖𝑎Where stories live. Discover now