Part 2

344 39 12
                                    

[Unicode]Part 2

___________________________

'ထယ်ယောင်း...စာလာတယ်'

'သားရေ....စာတဲ့...'

'စာရောက်တယ်နော်ထယ်ယောင်း...'

ထိုနေ့.....။
ထိုနေ့မှစတင်၍ ထယ်ယောင်းဆီတစ်ပတ်ခြားတစ်ခါ ရောက်လာခဲ့တဲ့စာလေးတွေ။ဂျောင်ကုနဲ့အဆက်အသွယ်ပြန်ရခဲ့တာလားဆိုရင်တော့....မဟုတ်ဘူး လို့ပဲဖြေရမယ်ထင်တယ်။

တစ်ကယ်တော့ အဲဒီနေ့က သူ့ဆီရောက်လာခဲ့တဲ့စာဟာ ဂျောင်ကုရေးထားတဲ့စာဆိုပေမယ့် ပေးပို့လာတာက ဂျောင်ကုရဲ့အကိုဆိုသူဆီမှပင်။အထက်တန်းနောက်ဆုံးနှစ်မို့ အတွင်းဆောင်ဝင်သွားတဲ့ဂျောင်ကုက အိမ်ကို တစ်လနေမှ တစ်ခါသာပြန်လာရသည်တဲ့လေ။

စာထဲမှာ ဂျောင်ကုရဲ့အခြေအနေကိုအမြဲထည့်ရေးပေးတဲ့ ဂျောင်ကုအကို ကို ထယ်ယောင်းကျေးဇူးတင်မိသည်။ သူ့ကြောင့်သာမဟုတ်ရင်တော့ ထယ်ယောင်းက လွမ်းဖျားလွမ်းနာကျပြီး ဂျောင်ကုမရှိဘဲ ဒီအချိန်ထိ ရှင်သန်နိုင်ဖို့ယုံကြည်ချက်မရှိဘူး။

ဂျောင်ကုအကိုဖြစ်သူဆီက ဆဲလ်ဖုန်းနံပါတ်ရထားပေမယ့် တစ်ကြိမ်တစ်ခါမှမဆက်ဖြစ်ခဲ့ပါ။ လွန်ခဲ့တဲ့ သူ့အသက်နှစ်ဆယ်ပြည့်မွေးနေ့မှာ ဖေဖေလဲ သူ့ကို ဆဲလ်ဖုန်းတစ်လုံးဝယ်ပေးခဲ့တယ်။ သူ့နံပါတ်ကို ဂျောင်ကုအကိုဆီတောင် မပေးဖြစ်ခဲ့ဘူးပဲ။

ဒီအတောအတွင်း ထယ်ယောင်းလဲ ပထမနှစ်ပြီးသွားခဲ့ပြီ။
သူအရမ်းပါချင်ခဲ့တဲ့ ဖျော်ဖြေပွဲမှာမပါခဲ့ရတာကလွှဲရင် ပထမနှစ်က အကုန်ချောချောမွေ့မွေ့ပါပဲ။ ချွန်းချောင်းမှာ သူငယ်ချင်းအသစ်တွေ၊ အပေါင်းအသင်းအသစ်တွေရလာတယ်။ ဒါပေမယ့် သူ ဂျောင်ကုကိုလွမ်းတယ်။

ဒီစကားက အဆက်အစပ်မရှိတာမျိုး၊ မသက်ဆိုင်တာမျိုး ဖြစ်နိုင်တယ်။ဒါပေမယ့် သူ့စိတ်လေးက ဂျောင်ကုဆီမှာ အမြဲ တဝဲလည်လည်ရယ်နဲ့လေ။

ဂျောင်ကုအကိုနဲ့ စာအဆက်အသွယ်လုပ်ဖြစ်နေတာ မေမေသိရင် ထယ်ယောင်းကို ဖွားဖွားရှိတဲ့ ဒယ်ဂူဆီပို့မယ်ထင်တယ်။ ချွန်းချောင်းထက် ပိုခေါင်တဲ့ဒယ်ဂူဆီတော့ ထယ်ယောင်းသွားမနေချင်ပါဘူး။

𝙰 𝙻𝚎𝚝𝚝𝚎𝚛 𝚃𝚘 𝑍𝑖𝑛𝑛𝑖𝑎Où les histoires vivent. Découvrez maintenant