ဇာတ်လမ်းအညွှန်း

364 23 2
                                    

ယို့လျှန်ရှင်းက ဂိမ်းဆော့ရင် ဘယ်တော့မှ မိုက်ခ်ဖွင့်ပြီး မဆော့ပါဘူး။ ဘာလို့ဆို သူ့ရဲ့ အသံက......
မိန်းကလေးဆန်ပြီး ကြောင်အော်သံလိုမျိုး အရမ်းချစ်စရာကောင်းနေခဲ့လို့ပါ။ သို့သော် တစ်နေ့မှာတော့ ဂိမ်းပွဲထဲဝင်ဖို့ စောင့်နေတုန်းမှာ အရမ်းစကားများတဲ့ လူတစ်ယောက်နဲ့ တစ်ဖွဲ့တည်းကျခဲ့ပါတယ်။
ဘယ်လိုမှ သည်းမခံနိုင်တဲ့ အဆုံးမှာ ကောင်းကင်နဲ့ မြေကြီးကို အရည်ပျော်စေနိုင်လောက်တဲ့ အသံနဲ့ တစ်ခွန်းတည်းပြောလိုက်ပါတယ်။
"‌ောက်ပါးစပ်ပိတ်ထား"
အဆဲခံလိုက်ရတဲ့လူက ငြိမ်သွားပြီး အချိန်အကြာကြီး တိတ်ဆိတ်ပြီးတဲ့နောက်မှာ သူ့ဆီကနေ ကျေနပ်သွားတဲ့ ညည်းသံလေး ထွက်လာပါတယ်။
🌚🌚

ယို့လျှန်ရှင်း: "....."(⁠╯⁠°⁠□⁠°⁠)⁠╯⁠︵⁠ ⁠┻⁠━⁠┻

နောက်တော့ -
ထိုသူက ဂိမ်းဆော့ရာမှာ နတ်ဘုရားအဆင့်ရှိမှန်းသိလိုက်ရတယ်။
(TN Note - နတ်ဘုရားအဆင့် god levelဆိုတာက ဂိမ်းဆော့ရင် အရမ်းတော်လွန်းလို့ နတ်အဆင့်ရောက်နေပြီလို့ တင်စားတာပါ။)
အများကြီး အများကြီး ကြာပြီးတဲ့နောက် -
သူတောင်မသိလိုက်ပဲ ထိုလူရဲ့ မူပိုင်ထောက်ပံ့ရေးကစားသမားဖြစ်လာတယ်။
ပြီးတော့ သူ့ရဲ့ ရည်းစားလေးလည်း ဖြစ်လာခဲ့ပါတယ်။

ဂိမ်းအကြောင်း သိပ်မရင်းနှီးသေးတဲ့ လူတွေအတွက် နည်းနည်းလေး ရှင်းပြပါ့မယ်။
ထောက်ပံ့ရေးကစားသမား support ဆိုတာက ဂိမ်းထဲမှာ တစ်ဖက်အသင်းကို ကိုယ့်ဘက်ကလူတွေ ပိုပြီး ထိခိုက်မှု(damage)ပေးနိုင်အောင် ဆော့ရတဲ့ role (ဂိမ်းဇာတ်ကောင်အမျိုးအစား) ဖြစ်ပါတယ်။ ထောက်ပံ့ရေးဂိမ်းဇာတ်ကောင်တွေမှာ အများအားဖြင့် healing (သွေးဖြည့်ခြင်း) ၊ stun (ငေးကြောင်ရပ်တန့်ခြင်း)၊ freeze (အေးခဲငြိမ်သက်ခြင်း)၊ slow (နှေးကွေး‌စေခြင်း) ၊ damage increase (ကိုယ့်ဖက်ကစားသမားရဲ့ တိုက်ခိုက်စွမ်းအား တိုး‌စေခြင်း) ၊ damage decrease (ရန်သူ့ကစားသမားရဲ့ တိုက်ခိုက်စွမ်းအားကျစေခြင်း) စသဖြင့် ပါဝင်ပါတယ်။
MC အဓိကဆော့မယ့် role(ရိုးလ်) ဖြစ်တာမို့ ဒီအရာတွေ ခဏခဏ တွေ့ရပါလိမ့်မယ်။
တခြား role တွေကိုတော့ နောက်ပိုင်းမှာ အလျဉ်းသင့်သလို ရှင်းပြ‌ပေးပါမယ်။
ကျွန်တော်က Translator လုပ်တာမကြာသေးတော့ စာရေးသားရာမှာ ထောက်နေရင်ဖြစ်ဖြစ် အရေးအသားမှားယွင်းတာဖြစ်ဖြစ် အားမနာပဲ သေချာဝေဖန်ပေးစေလိုပါတယ်။
အပတ်တိုင်း စနေနေ့မှာ တင်ပေးသွားပါ့မယ်။

ဂိမ်းနတ်ဘုရားရဲ့မူပိုင်ထောက်ပံ့ရေးကစားသမား ( Later, he became a royal healer)Where stories live. Discover now