အခန်း(၂.၁) KK

52 5 0
                                    

ယို့လျှန်ရှင်းက ဟွန့်ခနဲ အသံပြုကာ လျောင်စူးကို လျစ်လျူရှုထားလိုက်သည်။


သို့သော် သူ့ဆီမှထွက်သော မည်သည့် အသံမဆို ချွင်းချက်မရှိ အသံပြောင်းစက်မှ ထွက်သည့်အတိုင်းပင် ဖြစ်နေ၏။ ထိုအသံက အလွန်ပင် မိန်းကလေးဆန်လေသည်။ ဟွန့်ခနဲ နှာမှုတ်လိုက်သည်ကပင် ပုံမှန်ထက်နူးညံ့နေကာ အလွန်သိမ်မွေ့ပြီး လှပသည်ဟု ခံစားရသည်။


လျောင်စူး၏ ပုခုံးများက လှုပ်ခါနေပြီး မျက်နှာနီရဲလာသည်အထိ အော်ရယ်လိုက်သည်။

"ဟား ဟား ဟား ဟား..........!!!!!!"


ယို့လျှန်ရှင်းက သည်းမခံနိုင်တော့၍ သူ့ကို အခန်းပြင် ကန်ထုတ်လိုက်သည်။


Aတက္ကသိုလ်၏ ကန်တင်းမှာ စုစုပေါင်း လေးထပ်ရှိသည်။ မြို့ပေါ်ဒေသရှိ အဓိကတက္ကသိုလ်တစ်ခု ဖြစ်သည့်အပြင် ပြည်တွင်းတွင် နာမည်အကြီးဆုံး တက္ကသိုလ်များအနက် တစ်ခုဖြစ်၍ အပ်နှံသည့် ကျောင်းသား အရေတွက်မှာလည်းများပြားလေ၏။ ထို့နည်းတူ ကြိုက်နှစ်သက်သော ဒေသအစားအစာများမှာလည်း အမျိုးမျိုးရှိသည့်အတွက် စုံလင်အောင်ရောင်းချပေးထားသည်။ တက္ကသိုလ်တွင် ကျင်လည်ခဲ့သည်မှာ နှစ်နှစ်ရှိပြီ ဖြစ်၍ မည်သည့်ဆိုင်က စားကောင်းသည်ကို သေချာ‌ပေါက်သိသောကြောင့် တတိယထပ်သို့သာ တန်းသွားလိုက်ကြသည်။


ယို့လျှန်ရှင်းက ဂျာကင်ရိုးရိုးတစ်ထည်ကို သာမာန်ကာလျှံကာဝတ်ထားပြီး ခပ်သွက်သွက်လမ်းလျှောက်နေသည်။ သားသားနားနားပြင်ဆင်ထားခြင်းမရှိလျှင်ပင် ထင်းထွက်နေသောကြောင့် လူအများ အာရုံစိုက်ခြင်းခံရလေသည်။


ကန်တင်းမှာ အချိန်ပိုင်းလုပ်ရင်း စာကျက်နေသည့် ကျောင်းသူက ယို့လျှန်ရှင်းကို အနီးကပ်မြင်လိုက်ရသည့်အတွက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ မျက်လုံးကို ပေကလပ် ပေကလပ်လုပ်ပြီးနောက် ခေါင်းငုံ့ချကာ မေးလိုက်၏။
"ဘာယူမလဲရှင့်"


ယို့လျှန်ရှင်းက လက်ညိုးထိုးပြလိုက်သော်လည်း ထိုကျောင်းသူက စိတ်လှုပ်ရှားနေသဖြင့် မော့မကြည့်ခဲ့ပေ။ အတန်ငယ်ကြာသည်အထိ စကားသံမကြားရသောကြောင့် ခေါင်းကို မဝံ့မရဲမော့ကြည့်ကာ ထပ်မေးလိုက်သည်။

ဂိမ်းနတ်ဘုရားရဲ့မူပိုင်ထောက်ပံ့ရေးကစားသမား ( Later, he became a royal healer)Where stories live. Discover now