အခန်း(၃.၂)-မင်းနဲ့‌တွေ့ပြီးတဲ့နောက်အွန်လိုင်းမှာချိန်းတွေ့ဖို့သတ္တိမရှိတော့ဘူး

39 6 0
                                    

ဂိမ်းမဆော့သည့် လူတစ်ယောက်အတွက်တော့ ဒီဗီဒီယိုကြောင့် ပျော်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ လျောင်စူးက ခေါင်းညိတ်လိုက်ကာ  အားမလျှော့ပဲ ပြောလိုက်သည်။

"ပွဲနည်းနည်းလောက်ဆော့လိုက်ရင် နားလည်သွားမှာပါ။ ဒီလိုလုပ်၊ ညကျရင် တစ်ပွဲနှစ်ပွဲလောက် တူတူဆော့ကြမယ်လေ"



ယို့လျှန်ရှင်းက ပြန်‌မဖြေပဲ ပန်းကန်ယူပြီးသာ ထသွားလေသည်။လျောင်စူးက ယို့လျှန်း‌နောက်သို့ လောကြီးသုတ်ပြာ လိုက်ရန် နားကြပ်ကိုချွတ်လိုက်သည်။ ဖုန်းထဲမှ ဂိမ်းအသံက အပြင်သို့လျှံထွက်လာလေသည်။



ဆူညံနေသော ကန်တင်း‌အတွက်တော့ ဂိမ်းအသံမှာ မပြောပလောက်ပေ။ သို့သော် ဘေးမှဖြတ်သွားသော မိန်းကလေးတစ်ယောက်က ကြားသွားသည်။ သူမက ယို့လျှန်ရှင်းနှင့် လျောင်စူးဆီသို့ စောင်းငဲ့ကြည့်ကာ

"စီနီယာ?"



နှစ်ယောက်သားက ကျောင်းသူလေးဘက်ကို လှည့်ကြည့်လိုက်သည်။ လျောင်စူး၏ ခန္ဓာကိုယ်က ငြိမ်သက်သွားပြီး အကြည့်များတောက်ပလာသည်။

"ဂျူနီယာညီမလေးလည်း ထမင်းလာစားတာလား"



နှုတ်ဆက်ပြီးသည့်နောက်တွင် ယို့လျှန်ရှင်းနှင့် ကျောင်းသူလေး၏ အကြည့်များဆုံသွားသည်။ သူမက အလိုအလျောက် အကြည့်မလွှဲမိခင် တစ်စက္ကန့်မျှ စိုက်ကြည့်လိုက်ပြီး

"သူက..."



သူမက နှင်းနှယ်ဖြူသော အသားအရည်နှင့် မွေးရာပါမြင့်မားသော အရပ်မောင်းကို ပိုင်ဆိုင်ထားပြီး ဂါဝန်ရှည်က သူ၏ သွယ်ပြောင်းသော ခါးအလှကို ပိုတိုးအောင် ပံ့ပိုးပေးထားသည်။ သဘာဝဆန်ဆန် နူးညံ့သော အမူအရာနှင့်တွဲလိုက်သည့်အခါ ပထမဆုံးအတွေ့မှာ အလွန်လှပကြောင်း ဝန်ခံရပေမည်။



လျောက်စူးက ချက်ချင်းပြောလိုက်သည်။
"သူလား? ညီမလေးကြားဖူးမှာပေါ့။ ယို့လျှန်ရှင်းလေ"
ပြီးနောက် သူက ယို့လျှန်ရှင်းကို အကြည့်ဖြင့် လှမ်းသတိပေးကာ ပြောလိုက်သည်။

"လျှန်ချူးဟန်"



လျှန်ချူးဟန်က လွန်ခဲ့သည့် ဆယ်မိနစ်က လျောင်စူးပြောနေသော ဝိဇ္ဇာဌာန၏ ပန်းကလေးဖြစ်သည်။



ဂိမ်းနတ်ဘုရားရဲ့မူပိုင်ထောက်ပံ့ရေးကစားသမား ( Later, he became a royal healer)Where stories live. Discover now