5 U/Z

1.2K 31 3
                                    

Uni
"တော်ဝင်ဇနီး"

"အပိုင်း ၅"

လက်ထပ်မည်ဟု ပြောလာသော ကိုလေးတန်၏ မျက်နှာကို ကြည့်ပြီး သက်လျာ ပိုငိုချင်မိသည်။ သက်လျာသည် ကိုကြီးမှ လွှဲ၍ မည်သည့် ယောကျာ်းကိုမှ လက်မထပ်ချင်ပေ။ သက်လျာသည် ကိုကြီး၏ တိတ်တိတ်ပုန်း ဇနီးမယားဆိုစေဦး။ သက်လျာသည် ကိုကြီးကို တရားဝင်မပိုင်ဆိုင်ရသော်လည်း ကိုကြီး၏ ပထမဆုံး ဇနီးဖြစ်ခွင့်ရခဲ့သည်။ သက်လျာသည် ကိုကြီး၏ အချစ်ဦး ဖြစ်ခဲ့သည်။ သက်လျာသည် ကိုကြီး နှလုံးသားကို ပိုင်ဆိုင်ခွင့် ရခဲ့သည်။ ထိုအချက်တို့ဖြင့်ပင် သက်လျာ ကျေနပ်ခဲ့သည်။ ထိုကြောင့် ကိုကြီး၏ ဇနီးအဖြစ်မှ အခြားတစ်ယောက်၏ ဇနီးအဖြစ်လိုပေ။ ဤသည်က သက်လျာ၏ ကိုကြီးအပေါ်ထားသည့် အချစ်သစ္စာတို့ကြောင့် ဖြစ်သည်။

"ဟင့်အင်း ကိုလေးတန်။ သက်လျာ သက်လျာအတွက်နဲ့တော့ ကိုလေးတန်ရဲ့ ဘဝကို မစတေးပါနဲ့။ သက်လျာ။ သက်လျာလေး ကိုလေးတန်တို့ အခုလို စောင့်ရှောက်ပေးထားတဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

မျက်ရည်တွေဖြင့် ပြောနေသော သက်လျာကို ထိုက်တန် ရင်နာစွာ ကြည့်ရင်း

"အဖေ မရှိဘဲ ဒီကလေးကို မင်းက မွေးဖို့ စဥ်းစားနေတာလား။ ဒါဆို ပတ်ဝန်းကျင်ကို မင်း ဘယ်လို မျက်နှာပြမလဲ နန်းသက်လျာ"

"သက်လျာ ရင်သွေးကို သက်လျာ မွေးမှာမို့ ကိုလေးတန်တို့ စိတ်မပူပါနဲ့။ သက်လျာရဲ့ ရင်သွေးကို အဖေလို ရော အမေလိုရော သက်လျာ စောင့်ရှောက်နိုင်ပါတယ် ကိုလေးတန်"

"သက်လျာရယ်"

တန်တို့ ညီကိုသုံးဦး သက်လျာကို လွန်စွာသနားကရုဏာ ဖြစ်ရလေသည်။  သက်လျာသည် ငယ်ရွယ်သူ ပီပီ မိန်းမသားဆိုသော မာန်လေးရှိသည်။ မိခင်ဆိုသော သတ္တိတွေရှိသည်။ ထိုအချက်နှင့်ပင် သူတို့ ညီကိုသည် သက်လျာနှင့် သက်လျာ ရင်သွေးကို စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

"သက်လျာကို တို့ ညီမအဖြစ် မွေးစားကြမလား"

သက်လျာ အိပ်သွားချိန်တွင် ညီကိုသုံးယောက် ခေါင်းချင်းဆိုင်ကာ သက်လျာအကြောင်းဆွေးနွေးကြသည်။ မင်းထိုက် ပြောလိုက်သော စကားကြောင့် ထိုက်တန် သက်ပြင်းကို ရှိုက်လိုက်ပြီး

တော်ဝင်ဇနီးWhere stories live. Discover now