6 U/Z

804 16 1
                                    

Uni

"တော်ဝင်ဇနီး"

"အပိုင်း ၆"

"ပန်းသွေးနီနီ ညည်း ငါသားနောက်ကွယ်မှာ ဖောက်ပြန်နေတာလား"

မျက်နှာထိ မျက်နှာထားဖြင့် မေးလာသော ဒေါ်ဒေဝီထိပ်ထား၏ မေးခွန်းကြောင့် အပြင်က ပြန်လာသော ပန်းသွေးတစ်ယောက် ဒေါ်ဒေဝီထိပ်ထား ရှေ့တွင် ဟန်ပါပါ ဝင်ထိုင်ရင်း

"ကျွန်မကို အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ မေမေကြီးက အမည်တပ်လိုက်တာလား။ မေမေကြီး မသိတာ တစ်ခုပြောရဉီးမယ်။ အစကတည်းက ခွန်းကလဲ ကျွန်မကို မချစ်သလို ကျွန်မကလဲ ခွန်းကိုမချစ်ပါဘူး။ ကျွန်မတို့ နှစ်ယောက်လုံးက အစောကတည်းက သက်ဆိုင်သူ ကိုယ်စီရှိပြီးသားပါ။ အမှန်တကယ်တော့ သက်လျာကို ကာကွယ်ချင်စိတ်နဲ့ မေမေကြီး စီစဉ်တဲ့ ပြဇာတ်မှာ အလိုက်သင့် ကပြခဲ့ကြရုံပဲ။ အခုတော့ သက်လျာရဲ့ ဘဝလည်း အခြားနေရာမှာ လုံခြုံနေလောက်ပြီ။ အဲ့ဒီတော့ ခွန်း နဲ့ ကွာရှင်းပြီး ကျွန်မ ချစ်တဲ့ စက်ရှိန်နဲ့ မကြာခင် လက်ထပ်တော့မယ်။ မေမေကြီးဆီက ခွင့်တောင်းနေတာ မဟုတ်ဘူးနော်။ မေမေကြီးကို ကျွန်မ အသိပေးတာ"
  
"ပန်းသွေးနီနီ ညည်း"

ဒေါ်ဒေဝီထိပ်ထား တစ်ယောက် အသားတွေတဆတ်ဆတ်တုန်ကာ ဒေါသတွေ အထွဋ်အထိပ်ရောက်သွားရလေသည်။ ပန်းသွေးတစ်ယောက် ဒေါ်ဒေဝီထိပ်ထား၏ ဒေါသဖြစ်နေသော မျက်နှာကို အရသာခံကြည့်ပြီး

"မေမေကြီး မသိတာက ကျွန်မတို့က နှလုံးသားနဲ့  လူတွေလေ။ စက်ကိရိယာတွေနဲ့ လည်ပတ်နေကြတဲ့ လူတွေမဟုတ်ဘူး။ နှလုံးသားနဲ့ လူတွေမို့ ကျွန်မတို့ နှလုံးသားကိုတော့ သစ္စာမဖောက်နိုင်ဘူး။ ကျွန်မတို့ နှလုံးသားတွေက ကျွန်မတို့ ချစ်တဲ့သူတွေကို သစ္စာဖောက်ပြီး အခြားတစ်ယောက်ကို ပြောင်းမချစ်နိုင်ဘူး မေမေကြီး"               

စကားအဆုံးတွင် သူမ လှည့်ထွက်လာခဲ့သည်။ ဒေါ်ဒေဝီထိပ်ထား ဘယ်လိုကျန်ရစ်ခဲ့မည်ကို သူမ စိတ်မဝင်စားခဲ့ပေ။  သူမ နှလုံးသားထဲတွင် ထာဝရရှိနေမည့် ယောကျာ်းတစ်ယောက်ကိုသာ သူမ ဘဝပုံအပ်ပေးဖို့ ဆုံးဖြတ်ပြီးခဲ့ပြီ ဖြစ်သည်။ ဟုတ်ပါသည်။ သူမ မောင့်ကို ချစ်သည်။ မောင် အချစ်ကို မရခင်ကတည်းက သူမဘက်က မောင့်ကို တိတ်တခိုးတွယ်တာချစ်ခဲ့ရသူ မဟုတ်ပါလား။
~~~~~~~~~~~~~~~~~~~~~~~~

တော်ဝင်ဇနီးWhere stories live. Discover now