10 U/Z

1K 33 1
                                    

"တော်ဝင်ဇနီး"

"အပိုင်း ၁၀"

အတိတ်တွေကို ပြန်တွေးရင်း ချစ်ရသူ၏ နာကျင်မှုသည် သူ့၏ ရင်တွင်း နာကျင်မှုဖြစ်ခဲ့သည်။ သူသည် ချစ်ရသူအသက်ရှင်ရေးအတွက် သူ့ နှလုံးသားကို စတေး၍ ပန်းသွေးနှင့် လက်ထပ်ခဲ့သည်။ သို့သော် ထိုအချင်းအရာက သူနှင့် သက်လျာကို ပိုမိုဝေးကွာစေခဲ့သည်။ သူသည် သက်လျာကို တစ်နေ့မှ မေ့မရခဲ့ပေ။ နေ့စဥ် နေ့တိုင်း လွမ်းနေခဲ့သည်။ ထိုကဲ့သို့ သက်လျာကို လွမ်းသည့် အကြောင်းများကို အတိုးချကာ သက်လျာကို ပြောပြရဦးမည် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~

ရာသီတွေ တစ်နှစ်ပြီး တစ်နှစ်ပြောင်းလာခဲ့သည်။ အခုဆို ဝင်္ကပါ စံအိမ်မှ သက်လျာထွက်ခွာလာခဲ့သည့်မှာ ၃နှစ်ကျော် ၄နှစ်ထဲရောက်လာခဲ့ပြီ ဖြစ်သည်။ ယခုဆို ကိုကြီးနှင့် မမပန်းသွေးတို့၏ အိမ်ထောင်ရေးလည်း သာယာနေလောက်ပါပြီ။ သက်လျာတောင် ချစ်ရသည့် သမီးလေးနှင့် ဘဝကို နေသားကျအောင် နေနိုင်ခဲ့ပြီ ဖြစ်သည်။ သက်လျာ ဘဝတွင် ကိုကြီး မရှိတော့သော်လည်း ကိုကြီး၏ ကိုယ်ပွားလေး ဖြစ်သည့် သမီးလေးကိုသာ ပြုစုပျိုးထောင်ရင်း သက်လျာ ဘဝကို ရှေ့ဆက်နေခဲ့ရသည်။

"ဟေ့ မိသက်လျာ ဘာတွေတွေးနေတာလဲ"

အနားကို ရောက်လာကာ မေးလာသည့် ကိုလေးတန်ကြောင့် သက်လျာ ပြုံးလိုက်ပြီး

"ဟိုအကြောင်း ဒီအကြောင်းပါ ကိုလေးရာ"

ချက်ဆို နားကွက်က မီးထတောက်တတ်သည့် ထိုက်တန်သည် သူမကို သေချာကြည့်ပြီး

"ဘာလဲ နင့်ယောကျာ်းအကြောင်းစဥ်းစားနေတာလား"

"အို ကိုလေးကလည်း"

ဒဲ့တိုးကြီး မေးချလိုက်သည့် ကိုလေးကြောင့် သူမ မျက်နှာလေး ရဲသွားရပြီး

"ကိုလေးကလဲ ဘာတွေလာမေးနေတာလဲ မသိဘူး။ ကိုကြီးတို့ရော ပြန်လာပြီလား"

"လာချင်လာမှာပေါ့။ ဒီကောင်တွေနဲ့ ငါက လမ်းမှ မတူတာ"

သူ့ စကားကြောင့်  သက်လျာ ခွီးခနဲ့ ရယ်လိုက်ပြီး

"ဟုတ်မှာလဲ လုပ်ပါ ကိုလေးရာ။ ဟိုဘက်လမ်းထဲက အပျိုကြီးကို သွားငေးပြီးမှ ပြန်လာတာ မဟုတ်လား။ ဘယ်သူမှ မပြောလည်း သက်လျာ သိပါတယ်နော်"

တော်ဝင်ဇနီးWhere stories live. Discover now