Chapter 14 (2 of Clubs - စိန်ခေါ်ခြင်း 10.5)【Volume 1】

298 34 0
                                    

『Unicode』
   
Volume 1 : Beginner ၏ လျှို့ဝှက်ခန်း

Chapter 14 (2 of Clubs – စိန်ခေါ်ခြင်း 10.5)

ရှောက်လုံက ကစားသမား နံပါတ် 1 အချက်ပြကို မြင်လိုက်ရသည်။ သူ သေသေချာချာ မစဉ်းစားခင်မှာ သူ့ခန္ဓာကိုယ်က 2 of Clubs ၏ ကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

သူ့ကို အနည်းငယ်သက်သာရာရစေတာက 2 of Clubs ၏ ကမ္ဘာသည် လူသူကင်းမဲ့သောတောင် ဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းသောဇွန်ဘီသားရဲကြီး မဟုတ်ပါ။

၎င်းသည် ဧရိယာ 10 စတုရန်းမီတာရှိသော စတုရန်းအလုံပိတ်အခန်းဖြစ်သည်။ အရှေ့ဘက်တွင် တံခါးတစ်ပေါက်ရှိပြီး ဘယ်ဘက်နှင့် ညာဘက်တွင် နံရံတစ်ခုလုံးကို နေရာယူထားသည့် မှန်တစ်ချပ်ရှိသည်။ အခန်းအလယ်တွင် စားပွဲခုံတစ်ခုရှိပြီး စားပွဲနောက်ဘက်ရှိ သူဌေး၏ကုလားထိုင်ပေါ်တွင် အသက် 16 နှစ် သို့မဟုတ် 17 နှစ်အရွယ် ကောင်လေးတစ်ယောက် ထိုင်နေသည်။

သူသည် အနက်ရောင် tuxedo ကို သပ်ရပ်သော အဖြူရောင် ရှပ်အင်္ကျီနှင့် လည်စည်းဖြင့် ဝတ်ဆင်ထားသည်။ သူ့အသားအရည်က ဖြူစင်ပြီး မျက်နှာအသွင်အပြင်က ကြည်လင်နေပေမယ့် သူ့မျက်နှာမှာ ဘာခံစားချက်မှမရှိဘူး။ သိမ်သိမ်မွေ့မွေ့နဲ့ လှပသော ပန်းပုရုပ်ထုကြီး ထိုင်နေသလိုပါပဲ။

ဆယ်ကျော်သက်က ရှောက်လုံကို မော့ကြည့်လာပြီး ပေါ့ပါးစွာ ဆိုသည်။
"မင်္ဂလာပါ၊ ငါက A of Clubs စောင့်ရှောက်သူပါ… Clubs လျှို့ဝှက်ခန်းမှ ကြိုဆိုပါတယ်…"

ရှောက်လုံသည် ဇွန်ဘီမြို့မှ လျှိုရှောင်ယွမ်က A of Spades ဟု ပြောခြင်းဖြင့် တံခါးဖွင့်ခိုင်းရန် လှည့်စားခဲ့တာကြောင့် သူ့နောက်ကျောက ချက်ချင်းပင်း တောင့်တင်းသွားပြီး သတိရှိသွားကာ စဉ်းစားခဲ့သည်။ သူ၏တစ်ကိုယ်လုံးက သတိရှိနေပြီး တည်ငြိမ်စွာ မေးလိုက်သည်။
"စောင့်ရှောက်သူလား? ဖြစ်စဉ်ကိုရှင်းလင်းပြီးမှ မင်းပေါ်လာသင့်တာမဟုတ်ဘူးလား?"

ဆယ်ကျော်သက်က ပြန်ဖြေသည်။
"Clubs လျှို့ဝှက်ခန်းက မတူဘူး… စိန်ခေါ်ခြင်းဂိမ်းအတွက် တရားမျှတတဲ့ဒိုင်တစ်ယောက်လိုတယ်၊ ဒါကြောင့် ငါစောစောပေါ်လာတာ…"

ကတ်ဂိမ်း၏လျှို့ဝှက်ခန်း(ဘာသာပြန်)Where stories live. Discover now