first love (2) (uni)

20.4K 280 2
                                    

စိုင်းအသက်19နှစ်

စိုင်းတအားကိုရင်ခုန်နေသည်။ ဒီနေ့ကသူ့ရဲ့ 19နှစ်ပြည့်မွေးနေ့။ ကိုကိုက အရင်၂လလောက်ကပြည့်ပြီးသွားပါပြီ။ သူကသာခုမှ19ပြည့်တာ။ ရင်ခုန်ရခြင်းအကြောင်းက ကိုကို့ကို ဒီညဖွင့်ပြောမည်။ အသက်ပြည့်ဖို့သူ့မှာဘယ်လောက်တောင်စောင့်ခဲ့ရသလဲ။ 20ပြည့်တာနဲ့လက်ထပ်ပေးမယ်ဆိုတဲ့မေမေတို့ရဲ့စကားအပြင် 19ပြည့်မွေးနေ့မှာ စေ့စပ်ပေးထားမယ်ဆိုတဲ့စကားတွေကြောင့် စိုင်းတအားကိုထိန်းချုပ်ခဲ့ရတာပါ။

လူပျော်ဖော်ဝင်ခါစချိန်ဖြစ်တဲ့အပြင် ကိုကို့လို အလှလေးကိုအနားမှာထားပြီး သီလလုံရအောင် သူကတဏှာကင်းတဲ့သူတော်စင်လဲမဟုတ်ရပါဘူး။ ကိုကို့ကြောင့်ပဲထန်တဲ့စိတ်ဖြစ်ပေါ်လာတဲ့အတွက် အဲ့ဒီ့စိတ်ကို ကိုကိုလွန်းလေးနဲ့ပဲဖြေဖျောက်လို့ရမှာ။ အသက်15နှစ်လောက်ထဲက ကိုကို့ပုံကြည့်ပြီးသူ့မှာဖြေလျော့ခဲ့ရတာ ။ မြတ်နိုးလွန်းတဲ့ ပန်းလေးတပွင့်မို့ မပိုင်ဆိုင်ရသေးခင် မခြွေချင်တာ တန်ဖိုးထားလွန်းလို့ပါ။

သို့ပေမယ့် စေ့စပ်ပြီးရင်တော့ ကိုကို့ကိုထိတွေ့မည်။ အဆင့်ကတော့လက်ထပ်ပြီးမှပဲကျော်မည်။ ဒါက အရင်ထဲကသူချထားတဲ့ plan ။ ခုတော့ပထမအဆင့်အောင်မြင်တော့မည်ကိုတွေး၍ ရင်ခုန်နေသည်။

" စိုင်း... ပြီးပြီလား"

အခန်းထဲဝင်လာပြီး အသံတိုးတိုးလေးနဲ့မေးလာသူကြောင့် လှည့်ကြည့်လိုက်မိသည်။ ရှပ်လက်ရှည်ဖြူခပ်ပွပွလေးကို စတိုင်ဘောင်းဘီအညိုလေးထဲ ထည့်ဝတ်ထားတဲ့ကိုကိုက ကျောလည်လောက်အရှည်ရှိတဲ့ဆံပင်ခွေလေးတွေကို ဖွဖွလေးစည်းထား၏။ ရှေ့ဆံပင်လေးတွေမျက်နှာနုနုလေးပေါ် , ကပိုကယို,လေးကျနေပြီး စိုင်းကိုဆွဲဆောင်နေသည်။

အနားသို့လျှောက်သွားလိုက်ပြီး လက်ကလေးနှစ်ဖက်ကိုဆုပ်ကိုင်ကာ နှာခေါင်းနားဆွဲယူ၍ မြတ်နိုးစွာနမ်းရှိုက်လိုက်မိသည်။ အညိုရောင်မျက်ဝန်းတောက်တောက်လေးများကို စိုက်ကြည့်၍ စိုင်းမဟာ ဖွင့်ပြောလိုက်ပါသည်။

"ကိုကို...ချစ်တယ်... အရင်ထဲကမြတ်နိုးစွာချစ်ခဲ့တာပါ... ။အသက်မပြည့်သေးလို့ထိန်းချုပ်ခဲ့ရတဲ့ကျွန်တော့်စိတ်တွေကို အခုတော့ တဝကြီးဖော်ပြတော့မယ်။ ကျွန်တော့်ကို , ကိုကို့ရဲ့အိမ်ထောင်ဖက်အဖြစ် အခုကစပြီးမြင်ပေးပါ။ သိပ်ချစ်တယ်ကိုကို... သိပ်ချစ်ပါတယ်။ ကိုကိုကောကျွန်တော့်ကိုချစ်တယ်မလားဟင်"

first Love (Complete) Where stories live. Discover now