First love ( 6) (uni)

15.9K 168 0
                                    

မင်္ဂလာသံစဥ်လေး ငြိမ့်ညောင်းစွာထွက်ပေါ်နေသည်။ အဖြူရောင် ဝတ်စုံလေးနဲ့ကိုကိုက သိပ်ကိုလှနေပါတယ်။ အပေါ် suit ကိုမှအောက်ဘက် Dress ပုံစံလေးက ဒီဇိုင်နာမေမိုး ဖန်တီးပေးထားတဲ့ ကိုကို့အတွက်သီးသန့်လက်ရာလေး။

မင်္ဂလာဆောင်ရင်သတို့သားတွေဘာ
ကြောင့်ငိုကြသလဲ အခုမှပဲသိတော့၏။ ကိုယ်မြတ်နိုးရတဲ့သက်ရှိလေးကို ကိုယ့်အပိုင်အဖြစ် တရားဝင်လူသိရှင်ကြားချပြခွင့်ရပြီမို့ စိုင်းသည်လဲ ရင်ထဲတွင်လှိုက်တက်လာ၍ မျက်ရည်ကျမိတော့သည်။ ကိုကို့ကို သူ့အပိုင်အဖြစ်သိမ်းနိုင်ဖို့ဘယ်လောက်တောင်စောင့်ခဲ့ရသလဲ။

အသက်တွေကြီးလာရင်သူ့အပိုင်ဖြစ်မှာသေချာပေမယ့် ချစ်ရသူက ကိုယ့်ကိုပြန်မချစ်ရင် လက်ထပ်လဲအပိုပါပဲ။ သို့ပေမယ့်ကိုကိုကပါ သူ့ကိုချစ်နေတဲ့အတွက် ပိုစိတ်ချရသည်။

အဖြူရောင်ကော်ဇောပေါ်မှတဆင့်ကိုယ့်ဆီယုံကြည်စွာလျှောက်လှမ်းလာတဲ့ချစ်ရသူလေးက ကမ္ဘာပေါ်မှာအလှဆုံးပါပဲ။

"သတို့သားနှစ်ဦး အကြင်နာပေးနိုင်ပါပြီခင်ဗျာ..."

စကားအဆုံးလွန်းနုတ်ခမ်းကိုတချက်ဖိနမ်း၍ လွန်းပခုံးပေါ်ခေါင်းမှောက်ကာ ငိုနေတဲ့မောင်က လိုချင်တာရလို့ ပျော်နေတယ်ဆိုတာသိပါသည်။

လွန်းရဲ့ကလေးလေးကိုအများကြီးပိုချစ်ပေးပါ့မယ်လို့ ဂတိပေးပါတယ်။

...........

"ပြွတ်! မောင် နေဦးလေကွာ ဧည့်ခံပွဲရှိသေးတယ်လေ! အင့် လွှတ်ဦးလို့"

မနက်ပိုင်းမင်္ဂလာပွဲပြီးတော့ ညနေကျ Dinner ရှိသည်။ လွန်းစိတ်နဲ့ဆို
မလုပ်ချင်ပေမယ့် အသိုင်းဝိုင်းကြီးတွေဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်သီးသန့် ဧည့်ခံပေးရ၏။

"မရတော့ဘူးကွာ မောင်လွန်းကိုထိချင်နေပြီ...မဆင်းနဲ့တော့လေ နေမကောင်းဘူးလို့ပြောလိုက်"

ပြောပြီးအတင်းပြန်ဆွဲဖက်ကာလူကိုနမ်းရှုံ့ပြန်သည်။ လက်တွေကလဲအငြိမ်မနေ။

"ရမလားမောင်ရဲ့ ကိုကိုတို့ပွဲလေ...လိမ်မာပါတယ်နော် ၂နာရီလောက်ပဲသည်းခံလိုက်..."

first Love (Complete) जहाँ कहानियाँ रहती हैं। अभी खोजें