first love (3) (uni)

17.2K 218 0
                                    

သူတို့နှစ်ယောက် ခြံထဲဆင်းတော့ လူတောင် တော်တော်လေးစုံနေပါပြီ။
ဒီညကိုကို့ကို လက်ထပ်ခွင့်တောင်း၍
နှစ်ကုန် ဒီဇင်ဘာတွေလက်ထပ်မည်။

"သားတို့လာကြ... ဒီမှာ ဝန်ကြီးချုပ်ကိုနှုတ်ဆက်လိုက်ပါဦး"

"ဟုတ်ကဲ့ဗျ တွေ့ရတာဝမ်းသာပါတယ်"

ခရိုနီဖြစ်တဲ့ဖေဖေတို့ကလက်တံရှည်သည်။ စိုင်းအနေနဲ့လဲ နောက်ပိုင်းစီးပွားရေးကိုဦးဆောင်ရမည့်သူဖြစ်၍ လူကြီးတွေနဲ့အဆင်ပြေအောင်ပေါင်းရ၏။ ကိုကို့ကို စောင့်ရှောက်ချင်တဲ့အတွက် သူပိုကြိုးစားရမည်။

လွန်းလေးကိုဘာမှမခိုင်းပဲ စိုင်းချစ်တာပဲခံစေရမည်။

မီးတွေမှောင်ကျသွားသည်။ စီစဥ်ထားတဲ့အတိုင်း ဆုပ်ကိုင်ထားတဲ့ကိုကို့လက်ကိုလွှတ်လိုက်၏။

"စိုင်း! မီးမှောင်သွားပြီ။ ဘယ်မှာလဲလက်ကိုကိုင်ဦး။ စိုင်းလို့! "

*ဖြတ်! ဖောက် ဖောက်.....*

ရုတ်တရက် မီးရှူးမီးပန်းများထပေါက်၍ ကောင်းကင်ပေါ်မော့ကြည့်လိုက်တော့
ဒရုန်းများနဲ့ပုံဖော်ထားတဲ့စာလေးက

"Will You Marry Me KoKoLoon"

လွန်းရင်ထဲဟက်ခနဲဖြစ်သွားသည်။ ကြည်နူးစိတ်ကြောင့် မျက်ရည်ဝဲလာပြီး မောင့်ကိုရှာဖို့နောက်လှည့်ကြည့်လိုက်တော့ ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းနေတဲ့မောင်။

"မောင့်! "

"လွန်း...မောင့်ကိုလက်ထပ်ပါ..."

လွန်းခေါင်းကိုအဆက်မပြတ်ငြိမ့်နေမိသည်။ မောင်က တင်းကျပ်နေအောင်ဆွဲဖက်လိုက်၏။ မောင့်ကိုယုံပြီးသားမို့ စဥ်းစားစရာတောင်မလိုပါဘူးကွယ်...။

"သိပ်ချစ်တယ် လွန်းရယ်... ကျေးဇူးတင်ပါတယ်... မောင့်ဆီလာခဲ့လို့ကျေးဇူးတင်ပါတယ်။ ဘဝဆက်တိုင်းမောင့်ရဲ့ပါရမီ
ဖြည့်ဖက်လေးဖြစ်ပေးပါဦး"

"လွန်းလဲ...မောင့်ကိုချစ်တယ်"

မီးရှူးမီးပန်းဖောက်သံများနှင့် လက်ခုပ်သံများထွက်ပေါ်လာပြန်သည်။ ဒီနေ့ကလွန်းကိုတရားဝင်ပိုင်ဖို့အတွက်ပထမခြေလှမ်း...။

first Love (Complete) Where stories live. Discover now