ခမာမြေမှာ ကျွန်တော် ကိုကို့ကိုတွေ့ခဲ့တာ Final (U)

4.3K 698 431
                                    

"ဘာဖြစ်လို့လဲ ကျော်ဇောရယ်"

ကျော်ဇော ကိုပြည့်စုံ၏လက်ကိုဖယ်ထုတ်လိုက်ပြီး မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ပွတ်သုတ်လိုက်သည်။

"ဆောရီး... ဟို... ကျွန်တော်... အဲ့လိုမဟုတ်"

"ကျော်ဇော... ရေသောက်လိုက်ပါဦး"

ကိုပြည့်စုံက ရေသန့်ဗူးကိုယူ၍ ကျော်ဇောလက်ထဲသို့ထည့်ပေးလာသည်။ ကျော်ဇော အလျင်စလိုအဖုံးဖွင့်၍ မော့သောက်နေမိ၏။ ရင်ထဲမှာတင်းကျပ်နေသည့် ခံစားချက်ကြီးက နေရခက်လှသည်။

"ကျော်ဇော အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့"

ကျော်ဇောခေါင်းညိတ်ပြတော့ ကိုပြည့်စုံက ကားကိုဖြည်းဖြည်းမောင်းထွက်လိုက်သည်။ ကျော်ဇော ကားပြတင်းပေါက်အပြင်သို့ ခေါင်းလှည့်၍ငေးနေမိ၏။ ကားထဲမှသီချင်းသံက ရုတ်တရက်တိုးသွားသည်။

"ကျွန်တော်က gay တစ်ယောက်ပါ"

"ဗျာ!"

ကိုပြည့်စုံ၏စကားကြောင့် ကျော်ဇော ရုတ်တရက်လန့်၍ လှည့်ကြည့်မိသွားသည်။

"ကျွန်တော့်ရဲ့ဖြစ်တည်မှုကို လက်မခံနိုင်တဲ့ မိဘတွေနဲ့ သူငယ်ချင်းတွေကြောင့် ကျွန်တော်က ဒီကိုထွက်လာခဲ့ရတာ"

ကျော်ဇော စိတ်မကောင်းဖြစ်သွားရ၏။ ဒီလောက်ပွင့်လင်းမြင်သာနေသည့် ခေတ်ကြီးထဲမှာ gay တစ်ယောက်ကို လက်မခံနိုင်တဲ့သူတွေက ရှိကြသေးတာလား။ အထူးသဖြင့် ကိုယ်တိုင်မွေးထုတ်ထားတဲ့ မိဘတွေကလေ။

ကျော်ဇော အဖေနှင့်အမေတို့၏မျက်နှာတွေကို မြင်ယောင်လာသည်။ သို့သော် စိုးရိမ်ပူပန်စိတ်တော့မရှိ။ ကျော်ဇော၏ မိဘများသည် ကိုယ်တိုင်မွေးထုတ်ထားသည့် သားသမီးများ၏ ကောင်းခြင်းဆိုးခြင်းကို နားလည်လက်ခံပေးနိုင်အောင် နွေးထွေးကြသည့်သူများဖြစ်ကြောင်း သံသယကင်းပါသည်။

"ကျော်ဇောက gay တွေကို နားလည်လက်ခံပေးတာ သိရတော့ ကျွန်တော်အားတက်ရပါတယ်... ပွင့်ပွင့်လင်းလင်းပြောရရင် ဒါကကျွန်တော်ဒီကိုထွက်လာရပြီးမှ ပထမဦးဆုံးအကြိမ် ပြန်ပြီး come out လုပ်တာပါ"

ကိုကို Enjoyers Series 💓Where stories live. Discover now