နှစ်ကူးရေနန်းငွေငန်းမောင်လန်းရွှင် (U)

4K 755 164
                                    

"ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်
ဟောတစ်ရုံ ဟောတစ်ရုံ ပန်းမျိုးစုံတဲ့ပြင်
ရွှေမန်းမာလာပန်းဥယာဥ် ရှုမငြီးအောင်ပင်
နှစ်ကူးရေနန်း ငွေငန်းမောင်လန်းရွှင်"

မြူးမြးကြွကြွပျံ့လွင့်လာသော သင်္ကြန်သီချင်းသံကြောင့် ဂျစ်တူးတစ်ယောက်အိပ်ရာမှနိုးလာခဲ့သည်။

"သင်္ကြန်လေ
သုန်ဖြူးဆော်သွင်း အေးအေးညှင်းညှင်း
ဂီတတွေ ဆောင်ကျဉ်းလို့ပင်
ပြောင်းသွဲ့တူယှဉ် နွဲ့ယိမ်းကာဖော်သွေးငင်
သင်္ကြန်မာလာ ဖော်ဆွေပျော်စေချင်"

အိမ်အောက်ထပ်မှ မမ ၏ သီချင်းလိုက်ဆိုနေသံကလည်း ကြည်ကြည်ရွှင်ရွှင် ထွက်ပေါ်လာ၏။ ဂျစ်တူးပင် သီချင်းသံကြောင့် နိုးနိုးချင်းစိတ်ကြည်နေရပြီ။ ခုတင်ပေါ်မှလူးလဲထကာ စောင်ကိုလည်းထုံးစံအတိုင်း လုံးထွေးပစ်တင်ခဲ့ပြီး အိမ်အောက်သို့ဆင်းလာခဲ့သည်။

"ဟော ဂျစ်တူး တောင် စောစောစီးစီးနိုးနေပါလား သင်္ကြန်းပိုးထနေပြီထင်တယ်"

မီးဖိုဆောင်ထဲမှာ ဟင်းရွက်တွေခြွေနေသော ကြီးကြီးက ဂျစ််တူးကိုမြင်တော့ ဆီး၍နှုတ်ဆက်သည်။ ကြီးကြီး၏ခေါင်းပေါ်တွင် ပိတောက်ပန်းတွေဝေလို့နေ၏။

နှစ်အိမ်ကျော်မှ ကိုဝင်းမောင်တို့အိမ်ရှေ့တွင် သင်္ကြန်အလှပြကားပြင်ဆင်နေရင်း သင်္ကြန်သီချင်းသံများပျံ့လွင့်နေသည်။ မနက်ဖြန်အကြိုနေမှစ၍ အတက်နေ့အထိ မြို့ထဲတွင်ညဘက်သင်္ကြန်အလှပြကားများလှည့်ကြမည်ဖြစ်သည်။ ကိုဝင်းမောင်တို့အိမ်က နှစ်တိုင်းဂျစ်တူးတို့ အမှတ် (၂) ရပ်ကွက်အတွက် သင်္ကြန်အလှပြကား တာဝန်ယူပြီးပြင်ဆင်နေကြမို့ ဂျစ်တူးတို့ကလည်း လိုအပ်တာတွေကူလုပ်ပေးရသည်။ အခုလည်း လိုတာကူဖို့သွားရန် ဂျစ်တူးရေမြန်မြန်ပြေး၍ချိုးရ၏။

"သင်္ကြန်လေ
သုန်ဖြူးဆော်သွင်း အေးအေးညှင်းညှင်း
ဂီတတွေ ဆောင်ကျဉ်းလို့ပင်
ပြောင်းသွဲ့တူယှဉ် နွဲ့ယိမ်းကာဖော်သွေးငင်
သင်္ကြန်မာလာ ဖော်ဆွေပျော်စေချင်"

အိမ်ခေါင်းရင်းရှိအုတ်ကန်တွင် ရေချိုးရင်း ဂျစ်တူးအာဗြဲကြီးနှင့် သီချင်းလိုက်အော်ဆိုနေသည်။ အုတ်ကန်ဘေးရှိ အမေစိုက်ထားသော ရွက်လှပန်းပင်များကိုလည်း သင်္ကြန်အထိန်းအမှတ်နှင့် ရေလှမ်းပက်လိုက်သေး၏။

ကိုကို Enjoyers Series 💓Where stories live. Discover now