သစ်ရွက်ကလေးတွေက ဦးတည်ရာမရှိ
တိုက်ခတ်နေတဲ့ လေပြေလေညင်းလေးတွေကြောင့် ဘယ်ယိမ်း၊ညာယိမ်းဖြစ်နေကြသည်။စာကလေးငှက်ကလေးများ၏ ပကျိ၊ပကျိအော်မြည်သံကလေးများကိုလည်း
ကြားနေရသည်။တချက်တချက်မှာလည်း
'အ' ဆိုသည့် ကျီးကန်း၏ အော်သံကိုလည်း
ကြားရပြန်သည်။အပြာရောင်ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်ပြန်ရင်လည်း တရွေ့ရွေ့သွားနေသည့် အဖြူရောင်သဏ္ဍန်တိမ်အစိုင်ခဲများကို မြင်ရပြန်သည်။အဲ့သည့်လို တိတ်ဆိတ်တဲ့နေရာကလေးမှာ
ငေးမောကြည့်နေရတာကိုက သူ၏ ဝါသနာ။
သဘောကျနေမိသည်။ရင်ထဲမှာ တလှိုက်လှိုက် ပီတိဖြစ် ကြည်နူးမိနေသလိုမျိုးကို
စိတ်အတွင်းမှာ အေးချမ်းသလို ခံစားရသည်။မြေကြီးကို ငုံ့ကြည့်လိုက်ပြန်ရင်လည်း
လှုပ်စိလှုပ်စိသွားနေကြသည့် အနီရောင်
ပုရွတ်ဆိတ်အကောင်ကလေးများကို မြင်ရပြန်သည်။သူတို့က တကောင်နဲ့တကောင်
ခေါင်းချင်းထိပြီးမှ လိုရာ ခရီးကိုသူတို့
ဆက်သွားကြတာကိုလည်း တွေ့နေရသည်။
လှုပ်စိလှုပ်စိသွားနေကြသည့် အနီကောင်ပုရွတ်ဆိတ်များအကြားမှ လျင်လျင်မြန်မြန်
သွားနေသည့် အနက်ရောင်ပုရွတ်ဆိတ်တစ်ကောင်စ နှစ်ကောင်စ ကိုလည်း မြင်နေရပြန်သည်။အနက်ကောင်က အနီကောင်ထပ်
ပိုမြန်မြန်သွားနိုင်တာကိုလည်း သိလိုက်ရပြန်သည်။
YOU ARE READING
Please Don't Hurts Me
Mystery / Thrillerဒီကောင်မလေးကို ပြန်ပေးဆွဲထားတာဘာအတွက်လဲ ချစ်လို့လား ကြိုက်လို့လား လိင်ကိစ္စကြောင့်လား မဖြစ်နိုင်ဘူးလေ မင်းက Asexualတစ်ယောက်လေ.... possessive type, Red flag enjoyer