Part 7

635 14 1
                                    

ရော့...မျက်စိရှေ့ ဘဏ်ကဒ်တစ်ကဒ်ရောက်လာလေသည်။

မင်း ဒီအပတ်အတွင်းရှာထားတဲ့ ငွေတွေအကုန် အဲ့ဒီဘဏ်ကဒ်ထဲ ထည့်ပေးထားတယ်

အစ်ကို့အတွက်ရော် ရာခိုင်နှုန်း ယူပြီးပြီလား

ယူပြီးပြီပေါ့....

အစ်ကို့ မိန်းမ ဟိုတလောက နေမကောင်းလို့ဆို ဘာဖြစ်တာလဲ

အစာမှားတာ သပ်သပ်ပါ..ဘာမှမဖြစ်ပါဘူး

ဪ...မသိပါဘူး ကျနော်က pregnant လားလို့

နန်းက အသက်လည်း ငယ်သေးတာမိုလို့
သူ့ကိုလွတ်လွတ်လပ်လပ် နေစေချင်သေးတယ် ကလေးက ကလေးကို ပြန်ထိန်းနေရတာမျိုးတွေ မဖြစ်စေချင်ဘူး

အင်း....

အရက်ခွက်ထဲသို့ ရေခဲတုံးကလေးများကို
ညှပ်ထည့်ကာ တချက်မော့သောက်နေရင်း
အလန်းဇယားကောင်မလေးတစ်ယောက်က
အမြည်းအနေဖြင့် သစ်သီးအစုံပန်ကန်နှင့်
၀က်နံရိုးမီးတောက်လာချပေးလေသည်။
အမြည်းပန်ကန်များကို ချပြီး ပြန်ထွက်သွားသည်အထိ ရှင်းမင်းသန့်က သေချာကြည့်နေသဖြင့် အစ်ကို၀မ်းကွဲ ရှန်မင်းဟန်က မျက်ခုံးကို ပင့်ကာ

ဘာလဲ...သဘောကျလို့လား

သူ့ပေါင်တံလေးတွေ လှတယ်လို့ ခံစားမိလို့ပါ

ဟဟ..ဘာများလဲလို့ မင်းက အဲ့လိုမျိုးတွေ
ကြိုက်တဲ့လူလား...အော်ကလီဆန်စရာကြီး

သူများနဲ့မတူ ထူးခြားတာပေါ့

ရပါတယ် ဘာမှမဖြစ်ပါဘူး ငါကလည်း
မင်းကို ဘ၀ကို ရိုးရိုးရှင်းရှင်းကြီး မဖြတ်သန်းစေချင်ပါဘူး

ဒါနဲ့ ကိုဘုန်းရှိန်နဲ့ရော် အဆက်အသွယ်ရလား

မရပါဘူးကွာ ဒီကောင် ငါ့ကို အဖက်တောင်မလုပ်ဘူး

ကျနော် သူအရင်က ဆေးခန်းဖွင့်တဲ့နေရာကို
သွားသွားကြည့်သေးတယ် ပိတ်ထားတာကြာပြီထင်တယ်

အဲ့ကောင်က အဲ့လို လူမနေဘူးလို့ထင်ရတဲ့နေရာတွေမှာ ရှိနေတတ်တယ်...

Please Don't Hurts Me Where stories live. Discover now