အလောတကြီး VIP room သို့သွားကြသည့်အခါ အပျော်မယ်ကောင်မလေးအပေါ်မှာ
တက်ခွပြီး စိတ်ရှိလက်ရှိထိုးနေသည့် ရှင်းမင်းသန့်ကို တွေ့လိုက်ရသည်။ဘေးကနေ လုံခြုံရေးများနှင့် waiterကောင်လေးများသည်လည်း တုပ်တုပ်မျှမလှုပ်ရဲကြပဲ
ရပ်ကြည့်နေကြလေသည်။မကြည့်ဝံ့သည့်
သူများကတော့ မျက်စိစုံမှိတ်ထားကြလေသည်။အပျော်မယ်ကောင်မလေး၏ မျက်နှာဆိုလျှင်
ဖူးယောင်နေပြီး ဘယ်ဘက်မျက်လုံးတလုံးလည်းပေါက်ထွက်နေလေပြီ။နှာခေါင်းပြင်ထားသည်ထင်ပါရဲ့....နှာရိုးစောင်းနေလေပြီ။
ဘာလက်နက် ဘာအကူပစ္စည်းမှမပါပဲ
လက်ကြီးသပ်သပ် လူသတ်နေတာ ဘေးမှာလည်း ရုပ်ပျက်ဆင်းပျက်သေနေတာက လေးလောင်း၊အခုအပျော်မယ်လေးနဲ့ဆိုရင်
ငါးလောင်းပြိုင်နေပြီ။ရှန်မင်းဟန်က ဘေးဘက်က လုံခြုံရေးကို တီးတိုးကပ်ပြောလေသည်။
ဒီအကြောင်း ပျံ့သွားသေးလား.....
ကျနော်တို့ သိသိချင်း ဒီဘက်ထောင့်စွန်းအခန်းအကုန် service ပိတ်ချပစ်လိုက်ပါတယ်။
ဟိုသေနေတဲ့အလောင်းထဲမှာရော် အကောင်သားသမီးတွေပါသေးလား...
ကုန်သည်လယ်ယာဌာနက သားတစ်ယောက်တော့ ပါတယ် ဆရာ
အ့...ကုန်သည်လယ်ယာဌာနက တဲ့လား....
သိပ့်ပြဿနာမရှိပါဘူး....ဖြစ်စဉ်သေချာပြောပြစမ်း....
YOU ARE READING
Please Don't Hurts Me
Mystery / Thrillerဒီကောင်မလေးကို ပြန်ပေးဆွဲထားတာဘာအတွက်လဲ ချစ်လို့လား ကြိုက်လို့လား လိင်ကိစ္စကြောင့်လား မဖြစ်နိုင်ဘူးလေ မင်းက Asexualတစ်ယောက်လေ.... possessive type, Red flag enjoyer