Part_2

401 20 0
                                    

ဘာလိုလိုနဲ့ ထယ်ယောင်းနဲ့ ဂျောင်ကု တစ်ပူးတစ်တွဲနေနေတာဟာ နှစ်လနီးပါးရှိနေပြီဖြစ်သည်။

ထိုအတွင်း ထယ်ယောင်းသည် ဂျောင်ကု၏ ဂရုစိုက်မှုကိုလည်း ခံရကာ အိမ်အလုပ်တွေလည်း ဂျောင်ကုကမလုပ်ခိုင်းတော့။

အန်တီနဲ့ အန်ကယ်တို့ကလည်း ဂျောင်ကုက ဘာမှမခိုင်းဖို့တောင်းဆိုထားလို့ ခုဆို ထယ်ယောင်းမှာ ဘာအလုပ်မှလုပ်စရာမလို‌ပေ။ အိမ်မှာလည်းအိမ်အကူအသစ် ခေါ်ထားသေးသည်။

ထယ်ယောင်း ၊ဂျောင်ကုနဲ့ ဂျီမင်းတို့ သုံးယောက်သည် နေ့လယ်စာစားချိန်၌ ကန်တင်းမှာမစားချင်၍ ကျောင်းပြင်ကဆိုင်တွင် နေ့လယ်စာသွားစားကြသည်။

စားပြီးတာနဲ့ ‌သုံးယောက်သား ကျောင်းထဲသို့ ပြန်ဝင်လာကြသည်။ သူတို့လမ်းလျှောက်လာတုန်းမှာပဲသူတို့ဆီ အပြေးလာ‌နေသော တစ်စုံတစ်ဦး ။ထိုသူက အွန်ဝူး...

" ထယ်...ထယ်ယောင်း မင်းလွယ်အိတ်ကို မီးရှို့ပစ်မယ်ဆိုပြီး ဟယ်အီကလုပ်နေတယ် "

" ဘာ.!!"

"ဟုတ်တယ် ဂျောင်ကု။ လောလောဆယ် ထယ်ယောင်းရဲ့ စာအုပ်တွေကို စုတ်ဖြဲနေတယ် ငါတို့တားတာ အရာမရောက်လို့ ငါအပြေးလာပြောတာ..."

ထိုစကားအား ကြားသည်နှင့် ထယ်ယောင်းသည် ထိတ်လန့်သွားကာ။အတန်းဘက်သို့ အမြန်ပြေးသွားတော့သည်။

" ထယ်ယောင်း!!! "

ဂျီမင်း၊ဂျောင်ကုနဲ့ အွန်ဝူးတို့လည်း ထယ်ယောင်းနောက်သို့ လိုက်ပြေးသွားရသည်။
အခန်းဆီသို့ရောက်သည့်အခါ ထယ်ယောင်းသည် အခန်းပေါက်ဝ‌တွင် ကြောင်အစွာ ရပ်နေသည်။ဂျောင်ကုတို့လည်း ထယ်ယောင်းဘေးမှာ ဝင်ရပ်လိုက်ကြသည်။

ကြောင်အစွာ ရပ်နေသော ထယ်ယောင်းမှာ မျက်ရည်များလည်း ပါးထက် စီးဆင်းလာသည်။ထိုအရာကို မြင်သော ဂျောင်ကုမှာ ထယ်ယောင်းအား ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး..

" ထယ်ယောင်း...သတိထားစမ်း ဘာလို့ စိတ်လွတ်သလိုဖြစ်‌နေတာလည်း..ထယ်ယောင်း"

ဂျောင်ကုပြောလို့မဆုံးခင်မှာပင် ထယ်ယောင်းသည် သူရှိနေသည်ကို အာရုံမရပဲသူ့စာအုပ်‌တွေအား စုတ်ဖြဲနေသည့် ဟယ်အီ့ဆီတန်းတန်းမတ်မတ်  လျှောက်သွားသည်။

𝑷𝑹𝑶𝑷𝑬𝑹𝑻𝒀    𝑶𝑭    𝑱𝑬𝑶𝑵   [Complete]Where stories live. Discover now