Part-3 🔞

343 13 0
                                    

"ထယ်ယောင်း မင်းကိုငါပြောနေတယ်လေ
ငါ့စကားကိုအရာမသွင်းဘူးလား"

Clubတစ်ခုအတွင်းက vipအခန်းထဲတွင်
ဆေးလိပ်တစ်လိပ်ကိုဖွာရင်း သူ့ရှေ့တွေ
မတ်တပ်ရပ်နေသည့် ထယ်ယောင်းအား
ပြောနေသည့် ဂျောင်ကု။

" ငါလည်းမင်းကို ခဏခဏ ပြောတာပဲလေ
ဂျွန် ငါ့ဘဝကိုငါကြောင်းရမယ်လေ ငါအမြဲတမ်း အန်တီလေးတို့ကို မှီခိုနေလို့မှမရတာ မင်းလည်းသိရဲ့သားနဲ့ ငါကသူစိမ်းလေ
သူစိမ်း!!"

ထိုစကားပြောလိုက်သည်နှင့် ဂျောင်ကုသည်
မျက်လုံးသွေးကြောများ ချက်ချင်းနီလာကာ
ဒေါသရိပ်တွေက ဆိုးသထက်ဆိုးလာခဲ့သည်။

လက်ထဲကဆေးလိပ်အား ပစ်ချကာခြေထောက်ဖြင့်နင်းချေလိုက်ပြီး...

" မင်းပါးစပ်ကသူစိမ်း ဆိုတာကို ထပ်ပြောကြည့်စမ်း ထယ်ယောင်း...ထပ်ပြောလိုက်စမ်း...မင်းကိုဒယ်ဒီ့အလုပ်မှာ ဝင်လုပ်လို့ပြောတယ်လေ ဒါကိုမင်းငါ့စကားနားမထောင်ဘူး
အရာမသွင်းဘူးငါ့စကားကို..အခုလိုအမူးသမားအရူးသမားတွေ စုနေတဲ့ Clubကိုမှ
မင်းရွေးပြီး အလုပ်ဝင်တယ်လေ...အဲ့ဒါကို
အဲ့ဒါကို ငါကဘယ်လိုကြည့်ရက်မှာလည်း
ငါ့စိတ်ကိုလည်း မင်းသိနေရဲ့နဲ့ မသိချင်ယောင်ဆောင်တယ် မင်း!!...မင်းကွာ!! "

ဂျောင်ကုလည်း စိတ်တိုတိုဖြင့် စားပွဲခုံအား
ခြေထောက်ဖြင့် ပစ်ကန်ကာ ထိုအခန်းမှ
ထွက်သွားတော့သည်။

ထိုအခါမှ ထာ်ယောင်းလည်း ကြမ်းပြင်အောက် ထိုင်ချကာ ရှိုက်ကြီးတငင်ငိုတော့သည် ။

ဂျောင်ကုနဲ့ အထက်တန်းမှာ အဆင်ပြေပြီးထဲနဲ့ အခုလို‌ေဂျာင်ကုသူ့အပေါ်မှာ ဒေါသထွက်တာဟာ ပထမဆုံးဖြစ်တာမို့ ရင်ထဲလည်းနေလို့မကောင်းဖြစ်သွားသည်။

သူနဲ့ဂျောင်ကုရဲ့ ဆက်ဆံရေးဟာ သူငယ်ချင်းမကျ ရည်းစားမကျဖြစ်နေပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာ
ထုတ်မပြောပါပဲတောင် သိပါသည် ။

အခုလည်းဂျောင်ကု တော်တော်လေး စိတ်တိုသွားသည်ထင်သည်။ အထက်တန်းဖြေပြီး
အိမ်မှာပဲမနေချင်တာကြောင့် ဘယ်သူမှမသိအောင် ဂျီမင်းအစ်ကိုရဲ့ Club Barမှာပြော၍ အလုပ်ဝင်ခဲ့တာဖြစ်သည် ။

𝑷𝑹𝑶𝑷𝑬𝑹𝑻𝒀    𝑶𝑭    𝑱𝑬𝑶𝑵   [Complete]Where stories live. Discover now