Chapter 3

5K 168 11
                                    


DEAR LAWYER _SEASON2

Chapter _ 3

ကောင်းခြင်းသူရင်ဘက်ကဆေးလိပ်မီးအပူကိုခံစားရတာကြောင့် အရှေ့ကမိန်းကလေးကိုလက်ရွယ်လိုက်တော့ Leo ကဝင်ပြီး လက်ကိုဆွဲထားတာမို့ သူလက်ကအရှေ့ကမိန်းကလေးမျက်နာပေါ်ကိုမရောက်။

"Liam မင်းစိတ်ထိန်းနော်....အရှေ့မှာရပ်နေတဲ့သူကမိန်းကလေး"

Leo ကဘေးကနေပြေလည်ရာပြေလည်ကြောင်းပြောနေပင်မဲ့  သူကတော့ Leo လက်ထဲကနေသူ့လက်ကိုရုန်းထွက်ကာ ထိုမိန်းမကိုစိုက်ကြည့်လိုက်သည်။

"မင်းဘာလုပ်တာလဲ....မင်းနဲ့ငါဘာအကန့်ရှိလို့လဲ"

သူမကိုထသတ်တော့အကြည့်နဲ့ကြည့်ပြီး အံကြိတ်သံနဲ့ပြောလာတဲ့ တရားသူကြီးလေးကိုကြည့်ကာ​မျက်နာကိုမော့ထားရင်း နှုတ်ခမ်းစူရင်း မွ ဆိုပြီးလုပ်ပြလိုက်သည်။

"မင်း!"

"မင်းမဟုတ်ပါဘူး Alice ပါ....တို့ကမင်းထက် 5နှစ်တောင်ကြီးတယ် ဘေဘီရဲ့"

မိန်းကလေးတစ်ယောက်ရဲ့ အလှကိုပဲကြည့်ပြီးဇွတ်ချစ်တယ် မပြောတဲ့ယောကျာ်းထဲမပါတာမို့ သူကိုရွေးချယ်တာမှန်တယ်ပြောရမည်။သူမကိုကြည့်နေတဲ့သူ့အကြည့်တွေကို တစ်ခြားသူဆိုပြာကျသွားလောက်ပင်မဲ့ အဲလစ်အတွက်ကတော့ မိုင်နာသာရှိသေးသည်။

"Liam ငါတို့သွားကြမယ်....ပြဿနာကိုဒီအတိုင်းပဲရပ်လိုက်တော့ ဟုတ်ပြီလား.....အစ်မလည်းနောက်တစ်ခါအဲ့လိုအပြုအမူမျိူးမလုပ်ပါနဲ့"

"မင်းကဘာမို့လို့ ငါ့ကိုအမိန့်လာပေးနေတာလဲ!"

Leoကြားကနေပြဿာနာမဖြစ်စေချင်လို့တားလိုက်တာကို Liam ကိုပြဿာနာရှာနေတဲ့မိန်းကလေးကသူကိုအသံနေအသံထားမြင့်စွာပြောလာတာကြောင့်လန့့်သွားရကာ လူကလည်း Liam အနာက်ကိုဝင်ရပ်လိုက်မိသည်။

"ဒီမှာ တစ်ခြားသူကိုဟောက်မနေနဲ့....အပြစ်လုပ်ထားတာက မင်းနော်!"

"ဘေဘီအသားနာသွားတာလို့ ပြန်ရိုက်မလို့လား"

ကောင်းခြင်း သူရင်ဘက်ကိုငုံ့ကြည့်လိုက်မိတော့ ဆေးလိပ်မီးလောင်ထားတဲ့နေရာကြီးကထင်းနေတာမို့ ဒေါသကထွက်လာပြန်တာကြောင့် မိန်းကလေးပြန်ပြီးလုပ်ရင်လည်းအပြစ်ဖြစ်မှာမို့ အဲလစ်ဆိုတဲ့မိန်းကလေးလက်ထဲက ဆေးလိပ်ဆွဲယူကာ လမ်းပေါ်ပစ်ချပြီး ဖိနပ်နဲ့နင်းခြေပစ်လိုက်သည်။ဆေးလိပ်သောက်တာတောင် Luxury ဆန်တာကိုသုံးတာမို့ မိမနိုင်ိုင်ဖမနိုင်မှန်းသိသာသည်။

🖤DEAR LAWYER _SEASON 2🖤Where stories live. Discover now