Chapter 8

1.7K 122 9
                                    



DEAR LAWYER _SEASON2

Chapter _ 8

ကောင်းခြင်းတစ်လနီးပါးအမူမစခင် လေ့လာထားငလောက်ကတော့ ဒီအမူရဲ့တရားခံကိုသိသလောက်ဖြစ်နေပြီမို့ အမှုစဖို့တစ်ပတ်အလိုမှာ တရားသူကြီးချူပ်ကိုသွားတွေ့မိသည်။အမှုတွေအားလုံးကို နယ်မြေတရားသူကြီးချူပ်ကချပေးသလို သူတို့တရားသူကြီးတွေကလုပ်ရတာဖြစ်တဲ့အတွက် အဓိကကျတဲ့သူဆီကိုသာသွားလိုက်သည်။

တရားရေးရာရုံးကိုသွားရင် လူများတာမို့ ပိတ်ရက်ကိုရွေးကာ တရားသူကြီးချူပ်ရဲ့ အိမ်ကိုသာသွားလိုက်သည်။တရားသူကြီးချူပ်အိမ်ကိုရောက်တော့ သူကတရားသူကြီးချူပ်ကတော်ကိုအရင်င်တွေ့တာကြောင့် .....

"Mr.Marcel နဲ့တွေ့ချင်လိုပါ...ကျွန်တော်ကတရားသူကြီး Liam ပါ"

ကိုယ်လိုချင်တာတောင်းဆိုဖို့လာတာမှန်ပင်မဲ့ ရာထူးအကြီးအငယ်အလိုက်လေးစားသမူူရှိရာထက်ပိုတဲ့ ဖားရတဲ့အလုပ်ကို သူစိတ်မဝင်စားတာကြောင့်ပုံမုန်ပဲပြောလိုက်သည်။

Mrs.Marcel မှာလည်းအိမ်ကိုရောက်တဲ့သူတိုင်း လိုအပ်ချက်ကြောင့်ဆိုပင်မဲ့ထိုသူတွေထဲမှာတော့ ကိုယ့်သားအရွယ် ဒီကောင်လေးကတော့တကယ်ကိုထူးခြားတာပင်။လိုအပ်လို့လာတဲ့သူပင်မဲ့ ရည်မှန်းချက်ပြာ့်ဖို့အတွက် အတင်းရောတဲ့ပုံစံမျိူးမရှိတာကိုသဘောတွေ့စရာပင်။

"အင်း အိမ်ထဲဝင်ပါ Mr.Liam"

ကောင်းခြင်းအိမ်ထဲကိုဝင်လိုက်လာတော့ အပြင်ဘက်ကခေတ်ရေစီးကြောင်းအတိုင်းဆောက်လုပ်ထားတာမို့ အထဲကိုလည်းပုံမုန်ပဲထင်ထားမိတာမှားတဲ့အပြင် အိမ်ထဲဝင်တာနဲ့ ရှေးဟောင်းအနုပညာတွေကို ပြသတဲ့နေရာလို့ထင်သးရသည်ည်။သေချာပါ Mr.Marcel က ရှေးဟောင်းပစ္စည်းတွေကို နှစ်သက်သူဆိုတာ သိလိုက်တာမို့ နှုတ်ခမ်းထောင့်လေးကကွေးသွားသည်။

"ဒီအခန်းထဲမှာ သူရှိပါတယ်...ဝင်သွားလိုက်ပါ Mr.Liam"

သူကိုဦးဆောင်ပြီးခေါ်လာတဲ့ တရားသူကြီးချူပ်ကတော် အခန်းတစ်ခုရှေ့ရောက်တယ်ဆို ရပ်လိုက်ရင်း သူကိုဝင်သွားဖို့ပြောပြီး တစ်ခြားနေရာကိုထွက်သွတယ်ဆို တံခါးကဟထားတာသိပင်မဲ့ စည်းမဲ့ကမ်းမဲ့ပုံစံမျိူးမဖြစ်အောင် တံခါးကို နှစ်ချက်ခေါက်လိုက်တော့.......

🖤DEAR LAWYER _SEASON 2🖤Where stories live. Discover now