Chapter 9

1.8K 114 12
                                    



DEAR LAWYER _SEASON2

Chapter _ 9

ကောင်းခြင်းစေရာကို လာတောင်းတယ်ဆိုတာကြောင့့် Mine တစ်ယောက် လွန်ခဲ့တဲ့နာရီပိုင်းလောက်ကတင် သားနဲ့အတူသမီးကပြန်ပါလာပြီး သာကပြန်တိုင်တာ အသည်းကသူ့စီနီယာကောင်လေးကို အရင်င်ရည်းစားစကားပြောတာဆိုပြီး သူမှာ ကိုယ့်သမီးကိုဟ်တော်တော်ဆိုးနေပြီမှတ်တာ တစ်နေ့ထဲမှာပဲ ကိုယ့်သမီးထက်ဆိုးတဲ့ သူကိုလက်တွေ့တွေ့လိုက်ရတော့သည်။

"ကောင်းခြင်းစေရာ ကိုတကယ်သဘောကျလို့"

Mine ကတစ်ဖက်ကသားကိုတောင်းနေတဲ့မိန်းကလေးပုံစံကိုကြည့်တာနဲ့ တော်ယုံအနေအထားမဟုတ်ဘူးဆိုတာကို သေချာမသိပင်မဲ့ ကိုယ့်သားကဘယ်မိန်းကလေးမှစိတ်မဝင်စားတာတင်မက အချစ်ဆိုတာကို စားလို့ရလားမေးတဲ့သူမျိူး။

"ခဏလေး ကောင်းခြင်းစေရာ မဟုတ်ပဲ...ငါ့သားငယ်လောက်ဆို ခေါင်းငြိမ့လို့ရတယ်"

"ကောင်းခြင်းစေရာလို အရည်အချင်းရှိတာမရှိတာ Alice စိတ်မဝင်စားဘူး အန်ကယ်....Alice လိုချင်တာသူကို သူ့ညီကိုမဟုတ်ဘူး"

ဆောင်းမှာလည်း ကိုယ်တိုင်ကအငြိမ်သမားမဟုတ်ပင်မဲ့ အခုခေတ်ကလေးတွေရဲ့ သူတို့လိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောတာကို မငြိုငြင်တဲ့အပြင် သဘောကျတာမို့ ရီတော့ ကိုကိုက.....

"ပူတူး ဘာတွေရီနေတာလဲ....သူ့ကကိုယ်တို့အဖိုးတန်သားလေးကိုလာတောင်းနေတာ"

"ကိုကိုကလဲ သူများသားသမီးကို အဲ့လိုမပြောရဘူးလေ!"

"ကိုယ်ပြောချင်တာက ကောင်းခြင်းစေရာကဘယ်လောက်အချစ်ကိုမယုံတာလည်းဆိုတာ ကိုယ်တို့တွေအသိဆုံးလေ....နောက်ဆုံးသူပဲလက်လျော့ရမှာဆိုးလို့ပြောနေတာ"

ခြံထဲမှာ သုံးယောက်သားစကားတွေပြောနေကြတာက Mine ကမိန်းမအလိုကျပန်းစည်းပိုက်ထားရသလို ဆောင်းက Alice နဲ့စကားပြောနေခိုက်သူအမှုကိစ္စတွေကိုကြည့်ရင်း ပျင်းလာတာနဲ့ လသာဆောင်ကိုထွက်လာရင်းအောက်ကိုကြည့်လိုက်မိတော့ မျက်ဝန်းအစုုုုပြူးသွားရရင်း လသာဆောင်ကနေ ပြန်လှည့်ဝင်လာကာ အောက်ကိုဆင်းလာတော့သည်။

🖤DEAR LAWYER _SEASON 2🖤Where stories live. Discover now