< 3 >

588 91 8
                                    

- 🐰ဝမ်းနည်းလွယ်တဲ့ယုန်ကလေး🐰-














ဆိုင်းဘုတ်ပေါ်မှာမြင်နေရတဲ့ ပြုံးနေတဲ့နိုအာ့မျက်နှာလေးကိုအကြည့်ပို့မိတော့ ဂယူဗင်း ကားမောင်းနေရင်းကနေလှစ်ခနဲပြုံးလိုက်မိတယ်။ ဝါသနာပါတဲ့လမ်းကိုကိုယ်စီလျှောက်လှမ်းခဲ့ကြရာက ရာသီတွေအလီလီကူးပြောင်းလို့ ၆နှစ်ဆိုတဲ့အချိန်ကာလကိုဖြတ်ကျော်လာခဲ့တဲ့နောက်မှာတော့   နိုအာက နာမည်ကြီး brand တွေရဲ့ Ambassador , တစ်နည်းပြောရရင် အောင်မြင်ကျော်ကြားတဲ့ modelတစ်ဦးအဖြစ်ရပ်တည်နေပြီဖြစ်သလို သူကိုယ်တိုင်ကလည်း လူ့အသက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်ခဲ့တဲ့ဆရာဝန်တစ်ဦးဖြစ်နေခဲ့ပြီဖြစ်တယ်။ အချိန်တွေဟာ မျက်စိတမှိတ်အတွင်း ကုန်သွားလိုက်တာ မျက်လှည့်ပြလိုက်သလိုပါပဲ။ အခုဆို ဆိုးလ်လမ်းမထက်မှာရှိတဲ့ ကြော်ငြာဆိုင်းဘုတ် ၊ LEDဆိုင်းဘုတ်တိုင်းလိုလိုမှာ နိုအာ့မျက်နှာကိုမမြင်ချင်မှအဆုံး အမြဲတွေ့နေရတဲ့အခြေအနေရောက်နေခဲ့ပြီ။ အဲ့ဒီလို အောင်မြင်မှုရဲ့အကျိုးဆက်အနေနဲ့ နိုအာ့မျက်နှာလေးကိုမြင်ရဖို့အတွက် အရင်ကလောက်မလွယ်ကူတော့တာကတော့ စိတ်မကောင်းစရာပါပဲ။ အရင်ကဆို သူ့အနားကမခွာဘဲကော်လိုကပ်နေတတ်တဲ့ကလေးလေးက အခုဆို တစ်လမှာသုံးခါလောက်ပဲမျက်နှာလာပြတတ်တော့တယ်။ ဘယ်လိုအချိန်တွေမှာလဲဆို.... သူ့နားရက်မှာအိမ်ရောက်ချလာတတ်တာမျိုး... ဒါမှမဟုတ်... လူနာယောင်ဆောင်ပြီး သူလုပ်နေတဲ့ဆေးရုံကိုရောက်ချလာတတ်တာမျိုး။



ဥပမာ.... ဒီနေ့လိုပေါ့။




လူနာစာရင်းထဲမှာတွေ့လိုက်ရတဲ့ ' ဟန်ယူဂျင်း ' ဆိုတဲ့နာမည်လေးကြောင့် ဂယူဗင်း ရယ်မိရုံသာတတ်နိုင်ပါတယ်။ နိုအာက အနုပညာနာမည်ကို ' နိုအာ 'ဆိုတဲ့နာမည်ကိုပဲသုံးပြီး နာမည်အရင်းကိုလုံးဝဖော်ပြထားခြင်းမရှိတာကြောင့် ဟန်ယူဂျင်းက နိုအာဆိုတာ ကို တော်ရုံ ဘယ်သူမှမသိကြဘူးလေ။ ' ဒီကလေးကိုဘယ်လိုလုပ်ရင်ကောင်းမလဲ ' ဆိုပြီးရေရွတ်လိုက်မိပေမဲ့ နိုအာ့ကိုတွေ့ရတော့မှာမလို့ စိတ်ထဲကနေကြိတ်ဝမ်းသာနေမိတာလည်းဂယူဗင်းကိုယ်တိုင်ပါပဲ။








Noah Can't Stop Loving You [ Completed ]Where stories live. Discover now