< 4 >

594 76 24
                                    


- 🐰ဟန်ဆောင်ကောင်းတဲ့ယုန်ကလေး🐰-




























ခန္ဓာကိုယ်ကအားပြတ်နေတဲ့အချိန်မှာ ကိုကို့ကြောင့်စိတ်ထိခိုက်ခဲ့ရတဲ့အပြင်အကြီးအကျယ်ထိတ်လန့်စရာနဲ့ပါကြုံခဲ့ရတဲ့အတွက် နိုအာတော်တော်နဲ့နလန်ပြန်မထူနိုင်ခဲ့ဘူး။ အမှန်တော့ နိုအာကိုယ်တိုင်ကိုက ကိုကိုနိုအာ့ကိုစိတ်ပူပြီးနိုအာ့အနားပဲကပ်နေအောင် တမင်အစားအဝင်မခံဘဲ ဘာကျွေးကျွေးဘူးခံငြင်းပြီး ဘာစားစားပြန်အန်ထုတ်ပစ်နေတာကြောင့်လည်းပါပါတယ်။ အစားမဝင်မှတော့ ခန္ဓာကိုယ်ကဆေးအရှိန်ကြောင့်အားပြန်ပြည့်လည်းခဏပဲလေ။ ဘယ်လိုလုပ်အားပြန်ပြည့်ပါတော့မလဲ။ ဒါပေမဲ့ ထိတ်လန့်မှုကြောင့်ရခဲ့တဲ့ traumaကတော့ တော်တော်လေးပြင်းထန်တယ်ပြောရမယ်။ တစ်ခါမှလည်းအဲ့လိုမကြုံဖူးခဲ့သလို သေဖို့ကိုလည်းတစ်ခါမှမတွေးခဲ့ဖူးလို့ အဲ့လိုအဖြစ်အပျက်မျိုးနဲ့ကြုံလိုက်ရတော့ နိုအာ့ရဲ့ weakဖြစ်နေတဲ့ mental health ကိုပြင်းပြင်းထန်ထန်သွားထိတယ်။ မကြာခဏဆိုသလို ကားတိုက်ပြီးသေသွားရတဲ့ ကိုယ့်ကိုယ်ကိုယ် ကို အိပ်မက်ခဏခဏမက်တယ်။ ပြောရမယ်ဆို အိပ်မက်ဆိုးတွေပေါ့လေ။ အဲ့လိုကနေ နေပြန်ကောင်းသွားရင်တောင် ကားပြန်မောင်းနိုင်ပါ့မလားဆိုတာ နိုအာမသိတော့ဘူး။ အခုတလော အဲ့ကိစ္စကိုပါဆက်တိုက်တွေးနေမိတာကြောင့် stressတစ်ခုပိုတိုးလာပုံပဲ။ အလုပ်ကလည်းဖုန်းတဂွမ်ဂွမ်ဆက်ပြီးဖိအားတွေပေးသေးတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာတော့ နိုအာ့ခမျာ အစားမဝင်အောင်တမင်လုပ်ယူထားရာကနေ အမှန်တကယ်အစားမဝင်တဲ့အခြေအနေရောက်သွားတော့တယ်။




"" နိုအာ ဆန်ပြုတ်သောက်ရအောင် ""




ကိုကို့ရဲ့ဆွဲထူပေးမှုနဲ့ နိုအာအလိုက်သင့်လေးထထိုင်လိုက်နိုင်တယ်။





"" အသားတွေအများကြီးနဲ့ကိုကိုရှယ်ပြုတ်ပေးထားတာ ဝင်အောင်စားရမယ်နော် ""





ကိုကိုကပြောပြောဆိုဆိုနဲ့ ပန်းကန်ထဲကဆန်ပြုတ်တစ်ဇွန်းကိုခပ်ယူလို့ ပူရာကနေ နွေးသွားအောင်သေချာမှုတ်ပေးပြီးမှ နိုအာ့ကိုခွံ့တယ်။ ကိုကိုကိုယ်တိုင်ပြုတ်ပေးထားတဲ့ဆန်ပြုတ်မလို့ နိုအာ ကြိုးစားပြီးစားကြည့်ပါသေးတယ်။ ဒါပေမဲ့ သုံးဇွန်းမြောက်မှာတင် ပျို့တက်လာတာကြောင့် ပါးစပ်ကိုလက်နဲ့အမြန်အုပ်လိုက်ရတယ်။





Noah Can't Stop Loving You [ Completed ]Where stories live. Discover now