Noah Can't Stop Loving You

969 102 12
                                    


-🐰ကိုကိုအချစ်ရဆုံးယုန်ကလေး🐰-

အနွေးဓာတ်လေးလျော့သွားသလိုခံစားလိုက်ရတာနဲ့တပြိုင်နက် နိုအာ အိပ်ရာကနိုးလာခဲ့တယ်။ ကိုကိုကတော့ နိုအာနိုးလာတာကိုမသိသေးဘဲ ကုတင်ပေါ်ကဆင်းဖို့အတွက် ပြင်နေလေတယ်။ ဒါကြောင့် နိုအာ ကျောပေးလျက်အနေအထားနဲ့ကိုကို့ကို အနောက်ဘက်ကနေ အင်္ကျီစလှမ်းဆွဲလိုက်တယ်။

"" ကိုကို ဘယ်သွားမို့လဲ ""

စူပုပ်ပုပ်ရုပ်လေးနဲ့မေးလိုက်တဲ့နိုအာ့စကားအဆုံး ကိုကိုက နိုအာ့ဘက်လှည့်ကြည့်ပြီး ပြုံးပြလာပါတယ်။ မနက်ခင်းစောစောမှာမြင်လိုက်ရတဲ့ ကိုကို့အပြုံးချိုချိုလေးကြောင့် နိုအာ့မှာ ငေးခနဲပါပဲ။ ကိုကိုကဘယ်လိုနေနေကြည့်ကောင်းတာမှန်ပေမဲ့ ပြုံးလိုက်တဲ့အခါမှာတော့ကမ္ဘာ့နံပါတ်တစ်ကြည့်အကောင်းဆုံးယောက်ျားဟာကိုကိုပဲ!! နိုအာကတော့နံပါတ်နှစ်ပေါ့။

"" ကိုကိုမင်းအတွက်မနက်စာပြင်ပေးတော့မလို့လေ ""

နိုအာ့မေးခွန်းကို အနူးညံ့ဆုံးလေသံလေးနဲ့အတူ ကိုကိုပြန်ဖြေလာပါတယ်။

"" နိုအာ ထပ်အိပ်ချင်သေးတယ် ""

' ကိုကိုနဲ့အတူတူ ' ဆိုတဲ့ စကားလုံးလေးကိုဝှက်ပြီး နိုအာပြောလိုက်တော့....

"" အိပ်ချင်သေးရင်အိပ်ပေါ့ကလေးလေးရဲ့
ကိုကိုမင်းကိုမထခိုင်းပါဘူး ""

ထင်ထားတဲ့အတိုင်း ကိုကိုကအထာမနပ်ဘူး။
အားမရဖြစ်လာရတာကြောင့် နိုအာ အားပါးတရမျက်မှောင်ကျုံ့ပစ်လိုက်ပါရင်း ကိုကို့ကိုစိုက်ကြည့်ပေးလိုက်တယ်။ မကြာပါဘူး ၊ ကိုကိုကလည်း နိုအာ့မျက်နှာအမူအရာကိုအတုခိုးရင်း တစ်ပုံစံတည်းတူအောင်လိုက်လုပ်ပြီး နိုအာ့ကိုမျက်နှာပြောင်တယ်။

"" ကိုကိုနော် ""

ခပ်တည်တည်နဲ့ခေါ်ပေးလိုက်မှ ကိုကို့မျက်နှာပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ရယ်သွမ်းသွေးလျက်ပြောလာလေတယ်။

Noah Can't Stop Loving You [ Completed ]Where stories live. Discover now