ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်

1.5K 136 0
                                    

Chapter 38 The Scum
December 04, 2023

Chapter 38

ချင်းယောင်သည် စိတ်ဓာတ်ကျပြီး လှုပ်ရှားမှုမရှိပုံပေါ်‌နေသည်။

သူက တံခါးကိုတွန်းရန် ပြင်နေသည့် လက်တွေကိုချကာ ပြန်လှည့်ထွက်ဖို့လုပ်လိုက်သော်လည်း အထဲက တခစ်ခစ်ရယ်သံကို ကြားလိုက်ရသည်။

" ဒါပေမဲ့ ကျွန်မက ရှစ်ကျစ်ထန်ကို မကြိုက်တော့ဘူးလေ " ကျုံးယို့ယို့က ဟောက်ကျစ်ကို ကြည့်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

" ဒါကြောင့် ဒီ သွေးဆောင်ဖျားယောင်းချက်က ကျွန်မဖို့အသုံးမ၀င်ဘူး "

"....."

" ကျွန်မက ချင်း ကော ကို ပိုစိတ်၀င်စားတာ အစည်းအဝေးတွေလျော့လုပ်ပြီး ကျောင်းကိုများများလာကြိုဖို့ ချင်း‌ကောကို ရှင်ပြောသင့်တယ် ဒါမှ ရှင့်ရဲ့ပိတ်ဆို့ခြင်းကို ခံရပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေနားမထောင်နေရမှာလေ "

"....."

ချင်းယောင်၏ မျက်‌တောင်တွေက ရုတ်ချည်း တဖျပ်ဖျပ်လှုပ်သွား၏။

သူသည် စကားလုံးတိုင်းကို ကြားရပြီးနားလည်သော်လည်း အားလုံးပေါင်းစပ်သွားသည့်အခါ မယုံနိုင်ပေ။ သူက စက္ကန့်အနည်းငယ် ကြောင်အနေခဲ့သည်။ သူ၏ ထုံထိုင်းနေသည့် နှလုံးသားလေးသည် ရေခဲတောင်များ အရည်ပျော်သွားသကဲ့သို့ တဖြည်းဖြည်းနွေးထွေးလာခဲ့သည်။ ထို့နောက် အလွန့်အလွန် ပီတိဖြစ်မှုက လိုက်ပါလာသည်။

စကား၏ ဒုတိယတစ်၀က်က ၀တ်ကျေတမ်းကျေဆိုလျှင်တောင်မှ ပထမတစ်၀က်က အနည်းဆုံးတော့ စစ်မှန်ပါလိမ့်မည်။ ချင်းယောင်သည် တနေ့ ကျုံးယို့ယို့က ပြန်လှည့်ကြည့်လာမည်ဟု မစဉ်းစားခဲ့ဖူးပေ။

ချင်းယောင်၏ ခံစားချက်တွေက စစ်မှန်ပါ၏။ သူသည် သူမက ညလယ်‌ခေါင် ဖုန်းခေါ်ပြီး မူးနေသည့် သူမကို ကျောပေါ်သယ်ဆောင်ပေးခဲ့သည့်အချိန်မှာတောင် သူမ ဒီလိုပြန်ငဲ့ကြည့်လာလိမ့်မည်ဟု မတွေးခဲ့ပါ။ သူမကိုကျောပိုးခဲ့သည့်အချိန်က  သူမသည် တခြားသူတွေအကြောင်း ပြောနေတာမဟုတ်လျှင် တခုခုကို ညည်းညူပြောဆိုနေခဲ့သည်များကြောင့်ဖြစ်သည်။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now