ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်

1.3K 109 0
                                    

Chapter 45 The Scum
December 06, 2023
Chapter 45

မီးဖိုချောင်ထဲ၌ အိမ်အကူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူတို့သည် ချမ်းသာသည့် သူဌေးများ၏ လျှို့ဝှက်ချက်တွေကို အမြဲတမ်းကြားခဲ့ဖူးကြ‌သော်လည်း ဒီတစ်ကြိမ်က အဏုမြူဗုံးကဲ့သို့ အားကြီးသည့် ဗုံးတစ်လုံးဖြစ်သည်။

လူအများအပြားသည် သူတို့၏ အသံတွေ ပျောက်ဆုံးသွားသကဲ့သို့ဖြစ်ပြီး အချိန်အတော်ကြာ မီးဖိုချောင်ထဲ၌ မျက်နှာအမူအရာအမျိုးမျိုးဖြင့်ရှိနေကြသည်။

ကျုံးမိသားစု၀င်တွေ၏ စကားများမှတဆင့် တစွန်းတစ ကြားခဲ့ဖူးသော်လည်း မဆက်စပ်နိုင်ခဲ့ကြပေ။ မထင်မှတ်စွာ အကြီးဆုံးမမလေးက တကယ့်မမလေးမဟုတ်ဘဲ ရစ်ငှက်က ငှက်ကျားအသိုက်ကို အပိုင်စီးထားခြင်းဖြစ်နေသည်။ ရစ်ငှက်ဟူ၍ သတ်မှတ်ထားသည့် ကျုံးယို့ယို့ကမှ တကယ့် ကျုံးမိသားစု၏ သမီးရင်းဖြစ်နေလေသည်။

ကျုံးမိသားစု၏ သမီးနှစ်ယောက်အပေါ် လတ်တလော ဆက်ဆံသည့် အပြုအမူများပြောင်းလဲသွားခြင်းက အံ့ဩဖွယ်မဖြစ်ချေ။

ထိုအချိန်က ကလေးချင်းလဲခဲ့သည့်သူမှာ အကြီးဆုံးသခင်မလေး အာ မဟုတ်သေး မုန့်ရှစ်ရွှမ်၏ မွေးမိခင်အရင်းဖြစ်သည်လား။ တခြားသူတွေ၏ ကလေးကို ချမ်းသာကြွယ်၀မှုအတွက် ခိုးယူခဲ့တာက တကယ်ကို ကိုယ်ကျင့်တရားပျက်ပြားပေသည်။

မီးဖိုချောင်ထဲမှ လူအနည်းငယ်သည် ကလေးများရှိကြသူများဖြစ်သည်မို့ ထိုကဲ့သို့ သူတို့၏ ကလေးများ မွေးပြီးပြီးချင်း အစားထိုးခံရပြီး တစ်ပါးသူနောက်ပါသွားခြင်းကို စိတ်ကူးနှင့်ပင် မတွေးဝံ့‌ကြချေ။ ပြီးတော့ တခြားသူ၏ ကလေးက သူတို့၏ လက်ဖဝါးထဲ၌ အလိုရှိရာကို ရပြီး အလိုလိုက်ခံရမည်ဆိုလျှင်.....

ကိုယ့်ကလေးလေးက ဘယ်လောက်တောင် သနားစရာကောင်းလိုက်မလဲ။ သူတို့၏ အိမ်မှ သူတို့နေရာကို အစားလုယူခံရသွားမည့် ကလေးလေးများကို  တွေးလိုက်သည်နှင့် အသားများ ပဲ့ထွက်သွားသကဲ့သို့ နာကျင်ရသည်။

" အရမ်းကို ယုတ်မာတာပဲ။တွေးကြည့်လို့တောင် မရနိုင်ဘူး "

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now